Monday, September 16, 2013

ဟင်းချက်နည်း

ကွမ်းရွက်နဲ့ချက်တဲ့ကဏန်းအစပ်

Photo: ကွမ်းရွက်နဲ့ချက်တဲ့ကဏန်းအစပ်
Friday, September 6, 2013

ဒီကဏန်းချက်နည်းက အိသက်မမကြီး အမျိုးသားဆီကရတာပါ။ 
ကိုကြီးက ဆရာဝန်အလုပ်နဲ့ လားရှိုးမှာတာဝန်ကျပါတယ်။ 
မကြီးလည်း သျှောင်နောက်ကို ဆံထုံးပါသွားရော။ 
ဒီမှာတင်ပဲ အစားအသောက်နဲ့ ပတ်သက်ရင် ဘယ်လိုမှတားမရအောင် 
စိတ်ကြီးတဲ့ အိသက်တို့မိသားစုရဲ့ အစားအသောက် 
အပြန်အလှန် ပို့ပွဲကြီးစပါတော့တယ်။ အမေကသူ့သမီးကြီးကြိုက်သမျှ 
ရန်ကုန်စာအကုန် ကားဂိတ်ကပို့ (နေ့ချင်းရောက်) မကြီးက 
လားရှိုးက ကောင်းနိုးရာရာအကုန်ပို့ပေါ့လေ။ 

မကြီးပို့တဲ့အထဲက အဲဒီက ဆိုင်တစ်ဆိုင်ကကဏန်းဟင်းက 
တစ်စက်ကျန်တဲ့အထိ အရသာရှိတာ၊ အိမ်ကလူစုံ ကလေးမကျန် 
အကုန်ကြိုက်ပါတယ်။ ကိုကြီးကလည်း ဟင်းချက်အရမ်းကောင်းပါတယ်။ 
ဘာကြောင့် ဒီကဏန်း ဒီလောက်ကောင်းရပါသလဲလို့ ဟင်းချက်
ကောင်းတဲ့ကိုကြီးကို မေးရပါတယ်။
(London ပြန်ရောက်ရင် ကိုယ့်ဘာသာချက်ရမှာလေ)
ကွမ်းရွက်ကြောင့်ပါတဲ့။ ချက်နည်းလေး ပေးမယ်နော်။ 

ပါဝင်ပစ္စည်းများ 
......................
• ကဏန်း - ခြောက်ကောင် ( နှစ်ပိုင်းခြမ်းထားပြီး) 
( ရန်ကုန်မှာလိုတော့ လယ်ကဏန်းမရှိတော့ သဲကဏန်းက 
အသားနည်းတယ်)
• ကြက်သွန်နီ - နှစ်လုံး
• ချင်း - စားပွဲဇွန်း သုံးဇွန်း
• မဆလာ ( ကုလားလေးမဆလာဆို ပိုကောင်းပါတယ်)
• မန်ကျည်းသီးရေဖျော် - နည်းနည်း (အကြမ်းပန်းကန်လုံးစာ)
• သကြား - ၂ ဇွန်း
• ဆား၊ ကြက်သားမှုန့် - ၃ ဇွန်း
• ငံပြာရည် - ၂ ဇွန်း
• ချင်း
• နံနံပင် - နည်းနည်း
• ကွမ်းရွက် - တစ်ရွက်

ချက်ပြုတ်နည်း
.....................
၁။ ကဏန်းလေးများ ပါးဟပ်သန့်စင်ကာ ရေစင်စင်ဆေးထားပါ။ 
ဆား၊ ကြက်သားမှုန့် ၁ ဇွန်း၊ ချင်း အနည်းငယ်တို့ဖြင့် ဇလုံတစ်ခုတွင်
ခလောက်ထားပါ။ 

၂။ ကြက်သွန်များကို ငရုတ်သီးခွဲခြမ်း၁ ဇွန်း၊ အရောင်တင်မှုန့်တို့နဲ့
ဆီသတ်ပါ။ ကဏန်းကိုရေစင်စင်ဆေးပြီး ချင်း၊ ဆား၊ ကြက်သားမှုန့် ၂ ဇွန်းတို့နဲ့ 
ခလောက်ထားပါ၊ ကြက်သွန်ဖြူ၊ နီကို ထောင်းထားပါ။ ကြက်သွန်များကို 
ငရုတ်သီးခွဲခြမ်း ၁ ဇွန်း၊ အရောင်တင်မှုန့်တို့နဲ့ ဆီသတ်ပါ။ ကြက်သွန်
ရွှေရောင်သမ်းပြီဆိုရင် ကဏန်းထည့်လုံးပါ။ ကဏန်းနီလာရင် ရေ ၁ ပိုင့်၊ 
မန်ကျည်းရေ နည်းနည်း၊ ပဲငံပြာရည်အကြည် တစ်ဇွန်းထည့်၊ ကွမ်းရွက်
ညှပ်ထည့်ပြီး ပွက်ပါစေ။ ဆီပြန် ရေကျန်ကျက်ပြီဆိုရင် မဆလာလေးအုပ်၊
နံနံပင်လေးအုပ်ပြီး အသည်းစွဲကဏန်းဟင်းတစ်ခွက်ရပါပြီ။


Htet Family's Creation
www.htetfamily.com

FOOD Magazine
ဒီကဏန်းချက်နည်းက အိသက်မမကြီး အမျိုးသားဆီကရတာပါ။
ကိုကြီးက ဆရာဝန်အလုပ်နဲ့ လားရှိုးမှာတာဝန်ကျပါတယ်။
မကြီးလည်း သျှောင်နောက်ကို ဆံထုံးပါသွားရော။
ဒီမှာတင်ပဲ အစားအသောက်နဲ့ ပတ်သက်ရင် ဘယ်လိုမှတားမရအောင်
စိတ်ကြီးတဲ့ အိသက်တို့မိသားစုရဲ့ အစားအသောက်
အပြန်အလှန် ပို့ပွဲကြီးစပါတော့တယ်။ အမေကသူ့သမီးကြီးကြိုက်သမျှ
ရန်ကုန်စာအကုန် ကားဂိတ်ကပို့ (နေ့ချင်းရောက်) မကြီးက
လားရှိုးက ကောင်းနိုးရာရာအကုန်ပို့ပေါ့လေ။

မကြီးပို့တဲ့အထဲက အဲဒီက ဆိုင်တစ်ဆိုင်ကကဏန်းဟင်းက
တစ်စက်ကျန်တဲ့အထိ အရသာရှိတာ၊ အိမ်ကလူစုံ ကလေးမကျန်
အကုန်ကြိုက်ပါတယ်။ ကိုကြီးကလည်း ဟင်းချက်အရမ်းကောင်းပါတယ်။
ဘာကြောင့် ဒီကဏန်း ဒီလောက်ကောင်းရပါသလဲလို့ ဟင်းချက်
ကောင်းတဲ့ကိုကြီးကို မေးရပါတယ်။
(London ပြန်ရောက်ရင် ကိုယ့်ဘာသာချက်ရမှာလေ)
ကွမ်းရွက်ကြောင့်ပါတဲ့။ ချက်နည်းလေး ပေးမယ်နော်။

ပါဝင်ပစ္စည်းများ
......................
• ကဏန်း - ခြောက်ကောင် ( နှစ်ပိုင်းခြမ်းထားပြီး)
( ရန်ကုန်မှာလိုတော့ လယ်ကဏန်းမရှိတော့ သဲကဏန်းက
အသားနည်းတယ်)
• ကြက်သွန်နီ - နှစ်လုံး
• ချင်း - စားပွဲဇွန်း သုံးဇွန်း
• မဆလာ ( ကုလားလေးမဆလာဆို ပိုကောင်းပါတယ်)
• မန်ကျည်းသီးရေဖျော် - နည်းနည်း (အကြမ်းပန်းကန်လုံးစာ)
• သကြား - ၂ ဇွန်း
• ဆား၊ ကြက်သားမှုန့် - ၃ ဇွန်း
• ငံပြာရည် - ၂ ဇွန်း
• ချင်း
• နံနံပင် - နည်းနည်း
• ကွမ်းရွက် - တစ်ရွက်

ချက်ပြုတ်နည်း

.....................
၁။ ကဏန်းလေးများ ပါးဟပ်သန့်စင်ကာ ရေစင်စင်ဆေးထားပါ။
ဆား၊ ကြက်သားမှုန့် ၁ ဇွန်း၊ ချင်း အနည်းငယ်တို့ဖြင့် ဇလုံတစ်ခုတွင်
ခလောက်ထားပါ။

၂။ ကြက်သွန်များကို ငရုတ်သီးခွဲခြမ်း၁ ဇွန်း၊ အရောင်တင်မှုန့်တို့နဲ့
ဆီသတ်ပါ။ ကဏန်းကိုရေစင်စင်ဆေးပြီး ချင်း၊ ဆား၊ ကြက်သားမှုန့် ၂ ဇွန်းတို့နဲ့
ခလောက်ထားပါ၊ ကြက်သွန်ဖြူ၊ နီကို ထောင်းထားပါ။ ကြက်သွန်များကို
ငရုတ်သီးခွဲခြမ်း ၁ ဇွန်း၊ အရောင်တင်မှုန့်တို့နဲ့ ဆီသတ်ပါ။ ကြက်သွန်
ရွှေရောင်သမ်းပြီဆိုရင် ကဏန်းထည့်လုံးပါ။ ကဏန်းနီလာရင် ရေ ၁ ပိုင့်၊
မန်ကျည်းရေ နည်းနည်း၊ ပဲငံပြာရည်အကြည် တစ်ဇွန်းထည့်၊ ကွမ်းရွက်
ညှပ်ထည့်ပြီး ပွက်ပါစေ။ ဆီပြန် ရေကျန်ကျက်ပြီဆိုရင် မဆလာလေးအုပ်၊
နံနံပင်လေးအုပ်ပြီး အသည်းစွဲကဏန်းဟင်းတစ်ခွက်ရပါပြီ။


Htet Family's Creation
www.htetfamily.com

FOOD Magazine

ယိုးဒယား သင်္ဘောသီးထောင်း

Photo: ယိုးဒယား သင်္ဘောသီးထောင်း

လိုအပ်တဲ့ပစ္စည်းတွေကတော့ (၅) ယောက်စာအတွက်
သင်္ဘောသီးအစိမ်း
ငရုတ်သီးအစိမ်း + အမှည့်
ငါးပိစိမ်းစား
ပုစွန်ခြောက်
မြေပဲလှော်
ပဲတောင့်ရှည်
ခရမ်းချဉ်သီး
သံပုရာသီး
ငံပြာရည်
သကြား
ဟင်းခတ်မှုန့်တို့ပါနော်။

သင်္ဘောသီးကို အခွံနွှာ၊ ထက်ခြမ်းခြမ်း၊ အစေ့ထုတ်ပြီး ရေဆေးပေးပါ။ ပြီးတော့မှ သင်္ဘောခြစ်နဲ့ သဘောင်္သီးတွေကို ခြစ်ယူပါ။ ကြက်သွန်ဖြူကို အခွံနွှာ ရေဆေးပေးထားပါ။ ငရုတ်သီးတွေကို ရေဆေးပြီး အညှာခြွေပေးထားပါ။ ပဲတောင့်ရှည်၊ ခရမ်းချဉ်သီးတို့ကိုလည်း ရေဆေးပေးထားပြီး ခရမ်းချဉ်သီးကို မထူမပါး လှီးပါ။ ခရမ်းချဉ်သီး အလုံးသေးပါက ထက်ခြမ်းခြမ်းထည့်နိုင်ပါတယ်။ ပဲတောင့်ရှည်ကို ၁ လက်မခွဲ အရှည်လောက်တွေရအောင် ဖြတ်ထားပေးပါ။ ငါးပိစိမ်းစားကို မီးအုံးပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင် ဇောက်နက်တဲ့ ငရုတ်ဆုံထဲကို ကြက်သွန်ဖြူအရင်ထည့်ထောင်းပါ၊ ပြီးရင် ငရုတ်သီးတောင့်တွေ ထည့်ထောင်း၊ ပြီးတာနဲ့ ငါးပိစိမ်းစား၊ သကြား၊ ပုစွန်ခြောက်၊ ဟင်းခတ်မှုန့်တို့ကိုထည့်ပြီး အားလုံး သမအောင် ထောင်းပါ။ ပုစွန်ခြောက်ညက်စရာမလိုပါဘူး။ ပြီးတာနဲ့ ပဲသီး၊ ခရမ်းချဉ်သီးတို့ကို ထည့်ပြီး အားလုံးသမအောင် အသာလေးမွှေပေးပါ။ ပြီးရင် သကြားနဲ့ ငံပြာရည်ကိုထည့်၊ ခြစ်ထားတဲ့ သင်္ဘောသီးတွေကို ထည့်ပြီး တစ်ဘက်က တူလေးဆွပေး၊ လက်တစ်ဘက် ငရုတ်ကျည်ပွေ့နဲ့ အသာအယာလှည့်ထောင်းပေးပါ။ ပြီးရင် ညှစ်ထားတဲ့ သံပုရာရည်ကိုပါ ဆမ်းထည့်ပြီး အားလုံး သမအောင် ထောင်း၊ အရသာ အပေါ့အငံကိုမြည်းပြီး လိုတဲ့အရသာကို ကဲထည့်၊ ပြီးရင် မြေပဲထောင်းလေးကိုပါ ထည့်ပြီး မွှေပေးပါ။ စိတ်ကြိုက်အရသာတွေ့ပြီဆိုရင် တော့ ချိုချဉ်ငံစပ်အရသာလေးနဲ့ ယိုးဒယား သင်္ဘောသီးထောင်းလေး ရပါပြီနော်။


By Lulucooking
လိုအပ်တဲ့ပစ္စည်းတွေကတော့ (၅) ယောက်စာအတွက်
သင်္ဘောသီးအစိမ်း
ငရုတ်သီးအစိမ်း + အမှည့်
ငါးပိစိမ်းစား
ပုစွန်ခြောက်
မြေပဲလှော်
ပဲတောင့်ရှည်
ခရမ်းချဉ်သီး
သံပုရာသီး
ငံပြာရည်
သကြား
ဟင်းခတ်မှုန့်တို့ပါနော်။

သင်္ဘောသီးကို အခွံနွှာ၊ ထက်ခြမ်းခြမ်း၊ အစေ့ထုတ်ပြီး ရေဆေးပေးပါ။ ပြီးတော့မှ သင်္ဘောခြစ်နဲ့ သဘောင်္သီးတွေကို ခြစ်ယူပါ။ ကြက်သွန်ဖြူကို အခွံနွှာ ရေဆေးပေးထားပါ။ ငရုတ်သီးတွေကို ရေဆေးပြီး အညှာခြွေပေးထားပါ။ ပဲတောင့်ရှည်၊ ခရမ်းချဉ်သီးတို့ကိုလည်း ရေဆေးပေးထားပြီး ခရမ်းချဉ်သီးကို မထူမပါး လှီးပါ။ ခရမ်းချဉ်သီး အလုံးသေးပါက ထက်ခြမ်းခြမ်းထည့်နိုင်ပါတယ်။ ပဲတောင့်ရှည်ကို ၁ လက်မခွဲ အရှည်လောက်တွေရအောင် ဖြတ်ထားပေးပါ။ ငါးပိစိမ်းစားကို မီးအုံးပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင် ဇောက်နက်တဲ့ ငရုတ်ဆုံထဲကို ကြက်သွန်ဖြူအရင်ထည့်ထောင်းပါ၊ ပြီးရင် ငရုတ်သီးတောင့်တွေ ထည့်ထောင်း၊ ပြီးတာနဲ့ ငါးပိစိမ်းစား၊ သကြား၊ ပုစွန်ခြောက်၊ ဟင်းခတ်မှုန့်တို့ကိုထည့်ပြီး အားလုံး သမအောင် ထောင်းပါ။ ပုစွန်ခြောက်ညက်စရာမလိုပါဘူး။ ပြီးတာနဲ့ ပဲသီး၊ ခရမ်းချဉ်သီးတို့ကို ထည့်ပြီး အားလုံးသမအောင် အသာလေးမွှေပေးပါ။ ပြီးရင် သကြားနဲ့ ငံပြာရည်ကိုထည့်၊ ခြစ်ထားတဲ့ သင်္ဘောသီးတွေကို ထည့်ပြီး တစ်ဘက်က တူလေးဆွပေး၊ လက်တစ်ဘက် ငရုတ်ကျည်ပွေ့နဲ့ အသာအယာလှည့်ထောင်းပေးပါ။ ပြီးရင် ညှစ်ထားတဲ့ သံပုရာရည်ကိုပါ ဆမ်းထည့်ပြီး အားလုံး သမအောင် ထောင်း၊ အရသာ အပေါ့အငံကိုမြည်းပြီး လိုတဲ့အရသာကို ကဲထည့်၊ ပြီးရင် မြေပဲထောင်းလေးကိုပါ ထည့်ပြီး မွှေပေးပါ။ စိတ်ကြိုက်အရသာတွေ့ပြီဆိုရင် တော့ ချိုချဉ်ငံစပ်အရသာလေးနဲ့ ယိုးဒယား သင်္ဘောသီးထောင်းလေး ရပါပြီနော်။


By Lulucooking
မြ၀တီ

ဒံပေါက်ချက်နည်း (COOK BY YOURSELF N SAVE MONEY LIVE BETTER)

ဒံပေါက်ချက်နည်း ----------------<br /
  • -
    ဒီဒန်ပေါက်ကတော့ ပြီးခဲ့တဲ့ အပတ်က ချက်ကျွေးဖြစ်တယ် ။ ဧည့်သည်တွေ လာလည်လို့ပါ ။ ကြက်သားဒန်ပေါက်ပါ ။ ကြက်သား ဒန်ပေါက်ကို ရယ်ဒီမိတ် မဆလာနဲ့ ချက်ကြသလို ကိုယ်တိုင်မဆလာစပ်ပြီးလည်းချက်ကြပါတယ် ။ဆိတ်သားဒန်ပေါက် နဲ့ အမဲသား ဒန်ပေါက် တို့ရဲ့ မဆလာက ကြက်သားဒန်ပေါက်မဆလာနဲ့ မတူပါဘူး ။ နောက်များ ချက်ရင် တင်ပေးပါ့မယ် ။ အခု ကြက်သား ဒန်ပေါက် ချက်နည်းလေး ပြောပြပါ့မယ်
    ကြက်သား ......................................... 1kg
    ဆန် .......................................... ၄ဗူး
    သစ်ဂျပွေးခေါက် ................................. ၁ ချောင်း ( ၂လက်မ)
    ကရဝေးရွက် .................................. ၃ ရွက်
    ချောင်းကော့ ........................................ ၂စေ့ (black cardamom)
    ဖာလာစေ့ ................................... ၅ စေ့
    လေးညင်းပွင့် .................................... ၅ ပွင့်
    ဂရမ်းမဆလာ..................................... ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
    ဇီရာမှုန့် .......................................... ၂ဇွန်း (လက်ဖက်ရည်ဇွန်း )
    နံနံစေ့ အမှုန့် ....................................၃ဇွန်း (လက်ဖက်ရည်ဇွန်း)
    ဆနွင်း / အရောင်တင် ........................အနည်းငယ်
    နို့ ............................................... လက်ဖက်ရည်ခွက်တ၀က်
    ကုံကုမံ ............................................ အနည်းငယ် (saffron) အရောင်အတွက်
    ဇီရာစေ့ ........................................... အနည်းငယ်
    ထေားပတ် ....................................... ၂ဇွန်း (ထမင်းစားဇွန်း)
    ဆီ ............................................. ၂ဇွန်း (ထမင်းစားဇွန်း)
    ကြက်သွန်နီ ...................................... ၃လုံး (ဥကြီး)
    ကြက်သွန်ဖြူ ..................................... ၁ဥ
    ဂျင်း .............................................. ၁တက် ( တလက်မအရွယ်)
    စတော်ပဲစိမ်း ..................................... နို့ဆီဗူးဝက်

    အခုကျမချက်တဲ့ ဒန်ပေါက်ကတော့ မြန်မာ ဒန်ပေါက်လိုပဲ ချက်တာပါ ။ အိန္ဒိယ ဒန်ပေါက်ကတော့ နို့ချဉ်
    လည်းလိုပါတယ် ။ ဆန်ကလည်း သူတို့က (Basmathi Rice ) သုံးပါတယ် ။ ကျမကတော့ ရိုးရိုး ဆန်ပျော့
    လေးနဲ့ပဲ ချက်ထားတာပါ ။
    ဆန်ကို ရေစိမ်ထားပါ ။
    ကြက်သားကို လိုချင်သလောက် အရွယ်တုံးပါ ။
    ကုံကုမံကိုနို့နဲ့ စိမ်ထားပါ ။ ဒန်ပေါက်အရောင်အတွက်ဖြစ်ပါတယ် ။

    ဆီအိုးတည် ပူလာရင် ဖာလာစေ့သေး ၊ ဖာလာစေ့ကြီး ၊ သစ်ဂျပွေးခေါက် ၊ လေးညင်းပွင့်၊ ကရဝေးရွက် ထည့်၊ ကြက်သွန်နီ ပါးပါးလှီးထည့် ၊ ဂျင်းကြက်သွန်ဖြူ ထောင်းထည့် ကြက်သားထည့် ၊ ဆားနဲ့ မဆလာမှုန့်ထည့် ရေနည်းနည်း ထည့်ချက်ပြီး။ ဟင်းက အနှစ်များပြီး ခြောက်နေပါစေ ။
    ကြက်သွန်နီ ပါးပါးလှီးပြီးကြော် ။ မဆလာမှုန့် နည်းနည်းထည့်ပြီးရောထား ။
    ရေနွေးတည် ဆားများများထည့် ဇီရာစေ့ထည့် ကရဝေးရွက် တရွက်ထည့် ၊ပွက်ပွက်ဆူလာရင် ရေစိမ်ထား
    တဲ့ ဆန်ထည့်ပြီး ထမင်း နပ်မဲ့ အနေအထားရောက်ရင် ဇကာထဲထည့်ပြီး ရေစစ်လိုက်ပါ (ဆားများများထည့်ရခြင်းမှာ ထမင်းကို အရသာဖြစ်စေဖို့ ဖြစ်ပါတယ် ၊ ဒါမှဟင်းနဲ့ရောလိုက်ရင် အတော်ဖြစ်နေတတ်ပါတယ်)

    အဖုံးလှုံမဲ့ အိုးထဲကို ထမင်းကို အောက်ဆုံးမှာ တ၀က်ထည့် ၊ ကြက်သွန်ကြော်ဖြူး ၊ ဟင်းထည့် ပဲစိမ်းထည့် ကျန်ထမင်းထည့် ၊ကြက်သွန်ဖြူး ထောပတ်အပေါ်ကနေဆမ်း ၊ ကုံကုမံစိမ်ထားတဲ့ နို့ဖျန်းပါ ။ အဖုံး လှုံလှုံဖုံးပြီး နပ်ထားပါ ။ ကြိုက်တတ်ရင် သီဟိုစေ့ကြော် ၊ စပျစ်ခြောက်ထည့်ပါ ။ ကျမကတော့ အဲ့ဒါတွေ ကိုက်မိရင် အရသာပျက်လို့ မထည့်ပါဘူး ။ ၄၅ မိနစ်လောက် နပ်ဖို့လိုပါ့မယ် ။ ထမင်းကောင်းကောင်း နပ်ရမှာမို့ပါ ။ သခွါးသီးသုပ်လေး နဲ့စားရင် အအီပြေပါတယ် ။


    www.edinooyin.com

သက်ရှည်ကျန်းမာမှုကို ထောက်ပံ့ပေးမည့် ဟင်းခတ်အမွှေးအကြိုင်များ

 ချက်ပြုတ်စားရာမှာ ဟင်းခတ်အ မွှေးအကြိုင်အဖြစ် ထည့်သွင်းချက်ပြုတ်တာတွေက သက်ရှည်ကျန်းမာဖို့ အထောက်အကူဖြစ်စေတယ်ဆိုတာ သင်သိပါရဲ့လား။

(၁) နနွင်း
=====
ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးတယ် နနွင်းကို အိန္ဒိယ၊ အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ ဟင်းချက်ရာ မှာ အသုံးပြု ကြပါတယ်။ ထိုင်းနိုင်ငံမှ သုတေသီတွေ ရဲ့ လေ့လာမှုအရ တစ်နေ့ကို နနွင်းမှုန့် လက်ဖက်စား ဇွန်းတစ်ဇွန်းစာလောက် သင်စားသောက်တဲ့ ဟင်းတွေထဲမှာပါရှိရုံနဲ့ အမျိုးအစား ၂ ဆီးချိုသွေး ချိုရောဂါ ဖြစ်ပွားနိုင်ခြေကို ၅ဝ ရာခိုင်နှုန်းလျှော့ချ နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

(၂) ချင်း(ဂျင်း)
=======
နာကျင်ကိုက်ခဲမှုကို သက်သာစေတယ် အိန္ဒိယနိုင်ငံမှ ပညာရှင်တွေရဲ့ လေ့လာမှုအရ ချင်း(ဂျင်း)က ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ အဆစ်အမျက် ကိုက်ခဲတာ၊ ထိခိုက်မှုကြောင့် ခါးနာတာစတဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာ စေပါတယ်။ တစ်နေ့ကို ကြိတ်ထားတဲ့ လတ်လတ်ဆတ်ဆတ် ချင်း(ဂျင်း) လက် ဖက်စားဇွန်းတစ်ဇွန်း ဒါမှမဟုတ် လှီးထား တဲ့ချင်း (ဂျင်း) သုံးပြားကို နေ့စဉ် ဟင်းချက်ရာမှာ ထည့်ချက်ပြီး စားပါက နှစ်ပတ်အတွင်း ကိုက်ခဲနာကျင်မှုတွေက နေ ၆၃ ရာခိုင်နှုန်း လျော့နည်းသက်သာတာကို တွေ့ ရပါတယ်။

(၃) ဖာလာစေ့
========
သွေးဖိအားကို လျော့နည်းစေတယ် အသားဟင်းချက်ပြုတ်ရာမှာ ဟင်း ခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြပါ
တယ်။ ဖာလာစေ့အနံ့ကို ကြိုက်သူတွေ အနေနဲ့ ကော်ဖီထဲမှာလည်း အနံ့ထည့်ပြီး သောက်သုံးတတ်ကြပါတယ်။ ဖာလာစေ့ ကို နေ့စဉ်အစားအသောက်တွေထဲမှာ ထည့်စားပါက ၁၂ပတ်ကြာတဲ့အခါ သွေးဖိအား လျော့နည်း စေပြီး ပုံမှန်သွေးဖိ အားကို ထိန်းထားနိုင်တယ်လို့ အိန္ဒိယ ဆေးပညာဂျာနယ်မှာရေးသားဖော်ပြထား ပါတယ်။ ဖာလာစေ့က သွေးကြောနံရံ ကြွက်သားတွေကို ပျော့ပျောင်းစေတာ ကြောင့် သွေးဖိအားကို လျော့နည်းစေ တာပါ။ တစ်နေ့ကို ဖာလာစေ့လက်ဖက် စားဇွန်းတစ်ဝက်လောက် စားသုံးရုံနဲ့ ပုံမှန်သွေးဖိအားကို ထိန်းထားနိုင်ပါတယ်။

(၄) ပင်စိမ်း
======
မှတ်ဉာဏ်စွမ်းအားကို ကောင်းမွန်စေတယ် ပင်စိမ်းစားသုံးတာက သင်ရဲ့မှတ်ဥာဏ်စွမ်းအားကို ကောင်းမွန် စေပါတယ်။ သင့်မိတ်ဆွေရဲ့နာမည်မေ့နေတာ၊ တချို့ နေရာတွေကို ရောက်ဖူးပေမယ့်လမ်းတွေ
မမှတ်မိတော့တာ၊ တချို့အချက်အလက် တွေ မမှတ်မိတော့တာ စတာတွေကို ကျော်လွှားနိုင်ဖို့အတွက် ပင်စိမ်းကို သင် နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာပါ ဝင်အောင် ချက်ပြုတ်ပါ။

ပင်စိမ်းမှာပါဝင်တဲ့ ဖီနောတွေကဦးနှောက်မှာအက်စီတိုင် ကိုလင်းပြိုကွဲမှုကို တားဆီးပေးတာကြောင့် မှတ်Óဏ်စွမ်းအား၊ တွေးခေါ်မှု စတာ တွေ ကို ကောင်းစေတယ်လို့ ဗြိတိန်တက္ကသိုလ် က လေ့လာမှုမှာ တွေ့ရှိခဲ့ပါတယ်။

(၅) ကြက်သွန်ဖြူ
=========
ခုခံစွမ်းအားကို ကောင်းစေတယ် တစ်နေ့ကို ကြက်သွန်ဖြူတစ်မြွှာ လောက်စားရုံနဲ့ ပိုးမွှားကူးစက်ခံစားနိုင်ခြေ
တစ်ဝက်လောက်လျှော့ချနိုင်တယ်လို့ သု တေသီတွေက ပြောပါတယ်။ ကြက်သွန် ဖြူက ဆာလဖာဒြပ်ပေါင်း အမျိုးကွဲ ၃၃ မျိုးလောက်ပါဝင်ပြီး ခန္ဓာကိုယ်ခုခံအားကို မြှင့်တင်ပေးနိုင်တဲ့ သွေးဖြူဥရဲ့စွမ်းဆောင်
ရည်ကို မြှင့်တင်ပေးပါတယ်။

Tip!

ကြက်သွန်ဖြူကို ဟင်းမချက်ခင် လှီး ပြီး ၁ဝ မိနစ်လောက်ထားပါ။ ကြက်သွန် ဖြူထဲမှာပါတဲ့ ဆာလဖာဒြပ်ပေါင်းက လေနဲ့ထိတွေ့ပြီးတဲ့အခါ အာနိသင် ပိုမို ကောင်းမွန်စေတာကြောင့်ပါ။

(၆) ပူဒီနာ
======
ကင်ဆာဆဲလ်အသစ် ဖြစ်ပေါ်မှုကို ကာကွယ်ပေးတယ် နယူးဂျာစီမှ ပညာရှင်တွေက တစ်ပတ်မှာ လေးကြိမ်လောက် ပူဒီနာထည့် ချက်စားပါက ကင်ဆာဆဲလ်အသစ် ဖြစ်ပေါ်မှုကို ကာကွယ်ပေးတယ်လို့ တွေ့ရှိခဲ့ ပါတယ်။ ပူဒီနာမှာ အင်တီအောက်ဆီးဒင့် တွေ များစွာပါဝင်ပြီး ကင်ဆာဆဲလ်တွေ ကို သတ်တဲ့ ခန္ဓာကိုယ်ရဲ့ စူပါဆဲလ်တွေ ကို လှုံ့ဆော်ပေးပါတယ်။

(၇) သစ်ကြံပိုး
=======
သကြားဓာတ်စုပ်ယူမှုကို လျှော့ချပေးတယ် အချိုရည်တွေ၊ ပေါင်မုန့်တွေ၊ သကြားလုံးတွေ စားသုံးတဲ့အခါ သွေးတွင်း သကြားဓာတ်တွေ ရုတ်တရက်မြင့်တက် လာပြီး ဦးနှောက်နဲ့အာရုံကြောအဖွဲ့ကို ဖိနှိပ်တာကြောင့် လူကို နုံးချည့်စေပါတယ်။
သင်သောက်မယ့် အချိုရည်ထဲမှာ သစ် ကြံပိုးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက် လောက်ထည့်သောက်ရုံနဲ့ သကြားဓာတ် စုပ်ယူမှုကို ၂၉ ရာခိုင်နှုန်း လျှော့ချပေးပြီး နွမ်းနယ်မှုကို သက်သာစေပါတယ်။

(၈) ငရုတ်သီးတောင့်
===========
ကိုယ်အလေးချိန်ထိန်းသိမ်းပေးတယ် ငရုတ်သီးတောင့်မှာ Capsaicin ဒြပ်ပေါင်းများစွာပါဝင်ပါတယ်။ သုတေ သီတွေက တစ်နေ့ ကို ငရုတ်သီးတောင့် အမှုန့် (အစိမ်းမှုန့်) လက်ဖက်ရည်ဇွန်းတစ် ဝက်လောက် ထည့်ချက် စားရုံနဲ့ တစ်လအတွင်း ကိုယ်အလေးချိန်နှစ်ပေါင် လျှော့ချနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

ငရုတ်သီး တောင့်စားသုံးလိုက်ပါက ခန္ဓာကိုယ်တွင်းမှာ အဆီကို ဖြိုခွဲနိုင်တဲ့ ပရိုတင်းခြောက်မျိုးထက်မက ထွက်ရှိလာ တာကြောင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်တာလို့ နောက်ထပ်ပြုလုပ်တဲ့ သုတေသနတွေမှာ တွေ့ရှိခဲ့ ပါတယ်။

(၉) စမုန်စပါး
========
လေပွတာကို သက်သာစေတယ် ထမင်းစားပြီးတဲ့အခါ စမုန်စပါး လက်ဖက်စားဇွန်း ဇွန်းတစ်ဝက် ဒါမှမ ဟုတ် လေးပုံတစ်ပုံစား ပေးပါ။ မက္ကဆီကိုမှ သုတေသနပညာရှင်တွေရဲ့ လေ့လာမှုအရ စမုန်စပါးက အစာခြေအင်ဇိုင်းတွေ ထွက်ရှိပြီး လေပွတာမဖြစ်အောင် ကာ ကွယ်ပေးပါတယ်။ အာရှတိုက်သားတွေဟာ စမုန် စပါးကို ဟင်းချက်ရာမှာ ထည့် သုံးတတ်ကြပါတယ်။

(၁ဝ) လေးညှင်း
========
သွားကိုက်သက်သာစေတယ် လေးညှင်းပွင့် တစ်ပွင့်-နှစ်ပွင့် လောက်ကို ဖြည်းဖြည်းချင်း ဝါးပေးပါက သွားကိုက်တာ၊ သွားဖုံးရောင်တာတွေကို အချိန်နှစ်နာရီအတွင်း သက်သာစေပါ တယ်။ လေးညင်းမှာ ပါဝင်တဲ့ ယူဂျီနော ဒြပ်ပေါင်းက ထုံစေတဲ့အာနိသင်နဲ့ ဘက် တီးရီးယားပိုးသတ်အာနိသင်ရှိတာကြောင့် သွားကိုက်တာကို သက်သာစေပါတယ်။

Tip!

လေးညှင်းပွင့်ကို အေးပြီး နေရောင် ခြည် တိုက်ရိုက်မကျတဲ့နေရာမှာ ထားပါ။

(၁၁) ငရုတ်ပွသီး
=========
ရောင်ရမ်းမှု လျော့နည်းစေတယ် ကနေဒါမှ သုတေသီတွေ ရဲ့ လေ့လာမှုအရ ငရုတ်ပွသီး တစ်ပတ်ကို ၄-၅ ကြိမ်လောက် စားပေးပါက ရောင်ရမ်း မှုကို ၂ဝ ရာခိုင်နှုန်းလျှော့ချပေးပါတယ်။

ငရုတ်ပွသီးမှာ ပါဝင်တဲ့ ဆပိုနင်က အစာအိမ်နဲ့ အူလမ်းကြောင်း မှာ ရောင်ရမ်းမှုမ ဖြစ်အောင်ကာ ကွယ်ပေးပါ တယ်။ မြောက် ကယ်ရိုလိုင်းနားမှ ပညာရှင်တွေရဲ့ လေ့လာမှုအရ ငရုတ်ပွသီးက နာတာရှည် ရောင်ရမ်းမှု တွေကို လျှော့ချပေးတာ ကြောင့် နောက်ဆက်တွဲ ဖြစ်လာမယ့် အရေပြားအနီစက်ထွက်တာ၊ အရိုးအဆစ် ရောင်ရမ်းတာ၊ ဆီးချိုသွေးချိုရောဂါနဲ့ အယ်လ်ဇိုင်းမားရောဂါတွေ မဖြစ်အောင် ကာ ကွယ် နိုင်တယ်လို့ ဆိုပါတယ်။

http://www.facebook.com/photo.php?fbid=401551823275988&set=a.35...

Summer စတိုင် ကြက်ကင်

Photo: Summer စတိုင် ကြက်ကင်
Sunday ,April 07, 2013

Summerစတိုင် ကြက်ကင် လုပ်နည်းပါ။ အရသာက ချိုစိမ့်စိမ့်နဲ့ အသားက
လည်း တော်တော် နူးညံ့ပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်
စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

    ကြက်ပေါင်၊ တောင်ပံ – ၅ခု
    ငရုတ်သီးမှုန့် (သို့) Tandoori chicken powder – စားပွဲတင်ဇွန်း ၁ဇွန်း

    ကြက်သွန်ဖြူ – ၂မွှာ (ထောင်းထားပါ)
    စပါးလင် – အနည်းငယ် (ခပ်ညက်ညက်ထောင်းပါ)
    သစ်ဂျပိုး အမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
    ဗီနီကာ – စားပွဲတင်ဇွန်း ၃ဇွန်း
    လိမ္မော် ဆိုဒါ – ၁ခွက် (Measurement ချိန်ခွက်)
    သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
    ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
    ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
    ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
    သံလွင်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း (ကင်လျှင် သုတ်လိမ်းရန်)

ကင်နည်း

၁။ ကြက်ပေါင်နှင့် တောင်ပံများကို ဓားနဲ့ မွှန်းပေးပါ။

၃။ ပြီနောက် ဇလုံ တစ်ခုထဲတွင် (ကြက်ပေါင်၊ တောင်ပံ၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ဗီနီကာ၊ လိမ္မော် ဆိုဒါ၊ သကြား၊ ဆား၊ ကြက်
သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ သစ်ဂျပိုးမှုန့်) တို့ကို သမအောင် ရောမွှေပြီ ၁နာရီခန့် နုပ်ထားပေးပါ။

၂။ ပြီမှ ဒယ်ထဲ ကြက်ပေါင်၊ တောင်ပံနုယ်ထားသော ဆော့ရည်များကို မီးဖြင့် ၁မိနစ်ခန့် တည်ပေးပါ။ ပြီလျှင် ခွက်တစ်ခုထဲတွင် ထည့်ပြီ ဖယ်ထားပါ။

၃။ မကင်ခင် မီးကင်ပြားကို ဆီသုတ်ထားပေးပါ။ ပြီနောက် ကြက်
တစ်ကောင်လုံးကို မီးကင်ပြား (သို့) oven ဖြင့် တဖက်ကို မိနစ် ၂၀
ခန့်ဖြင့် မိနစ် ၄၀ခန့် မီးအသင့်တင့်ဖြင့် ကင်ပေးပါ။

၎။ ကင်နေစဉ်အတွင်း သံလွင်ဆီ နှင့် ဆော့ရည်များ ကြက်သားကို သုတ်လိမ်းပေးပါ။

၅။ ကင်ပြီလျှင် ကြက်ကင်များကို ဌက်ပျောရွက်ပေါ်တွင် ခင်းကျင်းပြီ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ….

Wutyee Food House
Summerစတိုင် ကြက်ကင် လုပ်နည်းပါ။ အရသာက ချိုစိမ့်စိမ့်နဲ့ အသားက
လည်း တော်တော် နူးညံ့ပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်
စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

ကြက်ပေါင်၊ တောင်ပံ – ၅ခု
ငရုတ်သီးမှုန့် (သို့) Tandoori chicken powder – စားပွဲတင်ဇွန်း ၁ဇွန်း

ကြက်သွန်ဖြူ – ၂မွှာ (ထောင်းထားပါ)
စပါးလင် – အနည်းငယ် (ခပ်ညက်ညက်ထောင်းပါ)
သစ်ဂျပိုး အမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ဗီနီကာ – စားပွဲတင်ဇွန်း ၃ဇွန်း
လိမ္မော် ဆိုဒါ – ၁ခွက် (Measurement ချိန်ခွက်)
သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
သံလွင်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း (ကင်လျှင် သုတ်လိမ်းရန်)

ကင်နည်း

၁။ ကြက်ပေါင်နှင့် တောင်ပံများကို ဓားနဲ့ မွှန်းပေးပါ။

၃။ ပြီနောက် ဇလုံ တစ်ခုထဲတွင် (ကြက်ပေါင်၊ တောင်ပံ၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ဗီနီကာ၊ လိမ္မော် ဆိုဒါ၊ သကြား၊ ဆား၊ ကြက်
သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ သစ်ဂျပိုးမှုန့်) တို့ကို သမအောင် ရောမွှေပြီ ၁နာရီခန့် နုပ်ထားပေးပါ။

၂။ ပြီမှ ဒယ်ထဲ ကြက်ပေါင်၊ တောင်ပံနုယ်ထားသော ဆော့ရည်များကို မီးဖြင့် ၁မိနစ်ခန့် တည်ပေးပါ။ ပြီလျှင် ခွက်တစ်ခုထဲတွင် ထည့်ပြီ ဖယ်ထားပါ။

၃။ မကင်ခင် မီးကင်ပြားကို ဆီသုတ်ထားပေးပါ။ ပြီနောက် ကြက်
တစ်ကောင်လုံးကို မီးကင်ပြား (သို့) oven ဖြင့် တဖက်ကို မိနစ် ၂၀
ခန့်ဖြင့် မိနစ် ၄၀ခန့် မီးအသင့်တင့်ဖြင့် ကင်ပေးပါ။

၎။ ကင်နေစဉ်အတွင်း သံလွင်ဆီ နှင့် ဆော့ရည်များ ကြက်သားကို သုတ်လိမ်းပေးပါ။

၅။ ကင်ပြီလျှင် ကြက်ကင်များကို ဌက်ပျောရွက်ပေါ်တွင် ခင်းကျင်းပြီ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ….

Wutyee Food House

。≈✥≈。ကိုရီးယားပဲခေါက်ဆွဲ。≈✥≈。


 。≈✥≈。ကိုရီးယားပဲခေါက်ဆွဲ。≈✥≈。
░ ░ ░ ░ ░ ░ ░ ░ ░ ░ ░ ░ ░ ░ ░ 


ပဲခေါက်ဆွဲက သူတို့ကိုရီးယားမှာတော့ ခေါက်ဆွဲနဲ့ စားရင် ကျားကျန်မြောင်

ထမင်းလေး နဲ့စားရင် ကျားကျန်ဘတ် လို့ခေါ်ပါတယ်။



ဘာနဲ့ပဲဖြစ်ဖြစ်ပူပူလေး စားမှစားလို့ကောင်းပါတယ်။



တကယ်တန်းက ပဲခေါက်ဆွဲဟာ မူလကတရုတ်အစားအစာတမျိုးဖြစ်ပြီး

နောက်ပိုင်းကိုရီးယားနိုင်ငံရဲ့ရေပန်းစားတဲ့ ရိုးရာအစားအစာ ဖြစ်လာတာပါတဲ့။



ပါဝင်ပစ္စည်းများ(၂ပွဲစာ)
〓〓〓〓〓〓〓〓〓〓


✿ဝက်ဗိုက်ခေါက်သား(pork belly) ၂၀ဝ ဂရမ်(အတုံးလေးများ တုံးပေးပါ)

✿သခွါးဖရုံသီး (courgette =Zucchini)၁လုံး(အတုံးလေးများ)

✿အာလူးကြီးကြီး ၁လုံး(အတုံးလေးများ)

✿ကြက်သွန်နီ ၁လုံး(အတုံးလေးများ)

✿ကိုရီးယား ပဲအနှစ် ၃ဇွန်း(စားပွဲတင်)

✿ နှမ်းဆီ၃ဇွန်း(စားပွဲတင်)

✿ပြောင်းကော်မှုန့်၂ဇွန်းရေဖျော်ပြီး(စားပွဲတင်)

✿ဂျုံခါက်ဆွဲ ၂ပွဲစာ





ချက်ပြုတ်နည်း
〓〓〓〓〓〓

စစချင်း ဒယ်ထဲတွင် ကြက်သွန်နီ် ၊ ဖြူ နှင့် ဝက်ဗိုက်ခေါက်သား

အတုံးလေးများကို ထဲ့ပြီးကြော်ပါ။



ဝက်သားကျက်ရင် အာလူး, သခွါးဖရုံသီးအတုံးလေးများထဲ့ကာ 

၂မိနစ်ခန့်ဆက် ကြော်ပါ။ 



အိုးထဲမှာပဲ အစာများကို ဘေးကပ်ပြီး BLACK BEAN အနှစ်ထဲ့

၁မိနစ်ခန့်ကြော်ပေးပါ။

ပြီးမှအကုန်ရောကြော်ပါ။



ရေအနဲငယ် ထဲ့ပြီးအသားများ၊ အသီးများနူးပါစေ။



နောက်ဆုံး ပြောင်းကော်ရည်ထဲ့ပြီးအရည်ပျစ်စေကာ နှမ်းဆီရောပြီး

 ခေါက်ဆွဲ ပေါ်တွင်၎င်းထမင်းပေါ်တွင်၎င်းဆမ်းကာ ပူပူလေးစားသုံးပါ။



လတ်လတ်ဆက်ဆက်သခွါးသီးလေးများ ဖြင့်စားရင်အလွန်ကောင်းပါတယ်။ 
ပဲခေါက်ဆွဲက သူတို့ကိုရီးယားမှာတော့ ခေါက်ဆွဲနဲ့ စားရင် ကျားကျန်မြောင်
ထမင်းလေး နဲ့စားရင် ကျားကျန်ဘတ် လို့ခေါ်ပါတယ်။

ဘာနဲ့ပဲဖြစ်ဖြစ်ပူပူလေး စားမှစားလို့ကောင်းပါတယ်။

တကယ်တန်းက ပဲခေါက်ဆွဲဟာ မူလကတရုတ်အစားအစာတမျိုးဖြစ်ပြီး နောက်ပိုင်းကိုရီးယားနိုင်ငံရဲ့ရေပန်းစားတဲ့ ရိုးရာအစားအစာ ဖြစ်လာတာပါတဲ့။

ပါဝင်ပစ္စည်းများ(၂ပွဲစာ)
〓〓〓〓〓〓〓〓〓〓

✿ဝက်ဗိုက်ခေါက်သား(pork belly) ၂၀ဝ ဂရမ်(အတုံးလေးများ တုံးပေးပါ)

✿သခွါးဖရုံသီး (courgette =Zucchini)၁လုံး(အတုံးလေးများ)

✿အာလူးကြီးကြီး ၁လုံး(အတုံးလေးများ)

✿ကြက်သွန်နီ ၁လုံး(အတုံးလေးများ)

✿ကိုရီးယား ပဲအနှစ် ၃ဇွန်း(စားပွဲတင်)

✿ နှမ်းဆီ၃ဇွန်း(စားပွဲတင်)

✿ပြောင်းကော်မှုန့်၂ဇွန်းရေဖျော်ပြီး(စားပွဲတင်)

✿ဂျုံခါက်ဆွဲ ၂ပွဲစာ





ချက်ပြုတ်နည်း
〓〓〓〓〓〓

စစချင်း ဒယ်ထဲတွင် ကြက်သွန်နီ် ၊ ဖြူ နှင့် ဝက်ဗိုက်ခေါက်သား

အတုံးလေးများကို ထဲ့ပြီးကြော်ပါ။



ဝက်သားကျက်ရင် အာလူး, သခွါးဖရုံသီးအတုံးလေးများထဲ့ကာ ၂မိနစ်ခန့်ဆက် ကြော်ပါ။

အိုးထဲမှာပဲ အစာများကို ဘေးကပ်ပြီး BLACK BEAN အနှစ်ထဲ့ 
 
၁မိနစ်ခန့်ကြော်ပေးပါ။ ပြီးမှအကုန်ရောကြော်ပါ။

ရေအနဲငယ် ထဲ့ပြီးအသားများ၊ အသီးများနူးပါစေ။

နောက်ဆုံး ပြောင်းကော်ရည်ထဲ့ပြီးအရည်ပျစ်စေကာ နှမ်းဆီရောပြီး 
 
 ခေါက်ဆွဲ ပေါ်တွင်၎င်းထမင်းပေါ်တွင်၎င်းဆမ်းကာ ပူပူလေးစားသုံးပါ။

လတ်လတ်ဆက်ဆက်သခွါးသီးလေးများ ဖြင့်စားရင်အလွန်ကောင်းပါတယ်။

♚ ပဲတီသနပ် (ခေါ်) ပဲပင်ပေါက်သနပ် ♚



ပဲတီသနပ်လို့ ခေါ်တဲ့ ပဲပင်ပေါက်သနပ်ကို အားလုံးအတွက်

မျှဝေပေးလိုက်ရပါတယ်နော့့် 



ပြုလုပ်နည်း
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ပဲပင်ပေါက်များကို အမည်းရောင် ပဲဖတ်လေးတွေ အရင်သန့်စင်ပေးရမယ်နော်

ပြီးမှ ရေနဲ့ သန့်စင်အောင်ဆေးပါမယ့့် 


ပြီးရင် ရေနွေးပွက်ပွက်ဆူအောင် တည်ထားတဲ့အထဲမှာ နနွင်းမှုန့်လေး

အနည်းငယ်ထည့်ပြီး ပွက်ပွက်ဆူလာရင် ပဲပင်ပေါက်တွေကို ထည့်ပြီး

ရေနွေးဖျောပြီး ပြန်ဆယ်ပါတယ်။


အဆာပလာအတွက် စပါးလင်လတ်လတ်ဆတ်ဆတ်ကို ပါးပါးလှီးထားပါ။


မြေပဲဆန်လှော်ထောင်းထားပါ။


ငါးပိစိမ်းစားအနည်းငယ် မီးကင်ထားပါ။


မီးမကင်ဖြစ်ရင် ကြက်သွန်နီဆီချက်ချက်ပြီးတဲ့အခါ ကြက်သွန်ကြော်တွေကို

ဆယ်ယူပြီးတော့ မီးဖိုမီးပိတ်ပြီး အဲ့ဒီဆီပူထဲမှာ ငါးပိလေးကို အသာလေး

ထည့်ပြီး ကြော်ထားပါ။


ဇလုံတစ်လုံးထဲ ပဲပင်ပေါက်ရောနွေးဖျောကိုထည့်ပြီး စပါးလင်၊ ဆား၊

သကြား အနည်းငယ်၊ ငါးပိစိမ်းစား၊ မြေပဲဆန်လှော်ထောင်း၊ ကြက်သွန်နီဆီချက်၊

အချဉ် အရသာအတွက် ရှာလကာရည် (သို့မဟုတ်) သံပရာရည် (သို့မဟုတ်)

မရမ်းပြား ကိုထည့်ပြီး သမအောင် နယ်ပေးပါ။


အရသာအပေါ့အငန်မြည်းပြီး နှမ်းစေ့လေးတွေပါ ထည့်လိုက်ရင်

အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ပဲပင်ပေါက်သနပ် အရန်ဟင်းတစ်ခွက်ကို

ရရှိစေမှာပါ။


အုန်းထမင်း၊ ထောပတ်ထမင်း၊ ဆီပြန်ဟင်း၊ ဘာလချောင်ကြော်တို့နဲ့

တွဲဖက်စားသုံးနိုင်ပါတယ်နော်။


မောင်နှမတို့လည်း တစ်ခါတလေကျရင် ပဲပင်ပေါက်ပဲပြားကြော်အစား

ပဲပင်ပေါက်သနပ်လေး လုပ်ပြီး စမ်းသပ်စားသုံးကြည့်ကြပါဦး။
http://www.facebook.com/chefsister

ဂျပန်ပုစွန်ပွကြော်

Photo: ဂျပန်ပုစွန်ပွကြော်
▫◊▫═▫◊▫═▫◊▫═

အဆာပြေလဲ စားလို့ရအောင် ထမင်းနဲ့လဲ စားလို့ဖြစ်တဲ့ 

ပုဇွန်ပွကြော် ကြော်စားကြစို့နော်............ :)



ပါဝင်ပစ္စည်းများ
▫◊▫═▫◊▫═▫◊▫═

▫◊▫ပုစွန်၊

▫◊▫တန်ပူရာ အပွမှုန့်၊

▫◊▫မုန့်ကြွပ်မှုန့်၊

▫◊▫ဆီမွှေး၊

▫◊▫ဝိုင်၊

▫◊▫ဆား၊

▫◊▫ငရုတ်ကောင်းမှုန့်၊

▫◊▫ကြက်သားမှုန့်


ပြုလုပ်ပုံအဆင့်ဆင့်
▫◊▫═▫◊▫═▫◊▫═▫◊▫

သန့်စင်ထားပြီးသား ပုစွန်ကို ကြက်သားမှုန့်၊ ဆီမွှေး၊ ငရုတ်ကောင်းမှုန့်၊ 

ဆားအနည်းငယ်နဲ့ ဝိုင်အနည်းငယ် ထည့်ပြီးနယ်ပါ။ 


တန်ပူရာကို ရေခဲနဲ့ ရေရောပြီး ခပ်ပျစ်ပျစ်လေး ဖျော်ထား ပါ။


ပြီးမှ ပုစွန်ကို ဖျော်ထားတဲ့ တန်ပူရာထဲမှာ နှစ်ပြီး ဆယ်ထားပါ။ 

ဆယ်ပြီး သားပုစွန်ကို မကြော်သေးဘဲနဲ့ခဏနှပ်ထားပါမယ်။

 နောက်ဆုံးမှ နှပ်ထားတဲ့ ပုစွန်ကိုမှုန့်ကြွပ်မှုန့်နဲ့ ကပ်ပြီးဆီပူပူမှာကြော်လိုက်မယ်။

ဒါဆိုရင်တော့စားနေကျအရသာတွေနဲ့မတူဘဲ ထူးခြားတဲ့ အရသာကို 

ခံစားရမယ့် ဂျပန်ပုစွန်ပွကြော် ဟင်းတစ်ခွက်ရပါပြီ။
အဆာပြေလဲ စားလို့ရအောင် ထမင်းနဲ့လဲ စားလို့ဖြစ်တဲ့
ပုဇွန်ပွကြော် ကြော်စားကြစို့နော်............ :)

ပါဝင်ပစ္စည်းများ
▫◊▫═▫◊▫═▫◊▫═

▫◊▫ပုစွန်၊

▫◊▫တန်ပူရာ အပွမှုန့်၊

▫◊▫မုန့်ကြွပ်မှုန့်၊

▫◊▫ဆီမွှေး၊

▫◊▫ဝိုင်၊

▫◊▫ဆား၊

▫◊▫ငရုတ်ကောင်းမှုန့်၊

▫◊▫ကြက်သားမှုန့်


ပြုလုပ်ပုံအဆင့်ဆင့်
▫◊▫═▫◊▫═▫◊▫═▫◊▫

သန့်စင်ထားပြီးသား ပုစွန်ကို ကြက်သားမှုန့်၊ ဆီမွှေး၊ ငရုတ်ကောင်းမှုန့်၊

ဆားအနည်းငယ်နဲ့ ဝိုင်အနည်းငယ် ထည့်ပြီးနယ်ပါ။


တန်ပူရာကို ရေခဲနဲ့ ရေရောပြီး ခပ်ပျစ်ပျစ်လေး ဖျော်ထား ပါ။


ပြီးမှ ပုစွန်ကို ဖျော်ထားတဲ့ တန်ပူရာထဲမှာ နှစ်ပြီး ဆယ်ထားပါ။

ဆယ်ပြီး သားပုစွန်ကို မကြော်သေးဘဲနဲ့ခဏနှပ်ထားပါမယ်။

နောက်ဆုံးမှ နှပ်ထားတဲ့ ပုစွန်ကိုမှုန့်ကြွပ်မှုန့်နဲ့ ကပ်ပြီးဆီပူပူမှာကြော်လိုက်မယ်။

ဒါဆိုရင်တော့စားနေကျအရသာတွေနဲ့မတူဘဲ ထူးခြားတဲ့ အရသာကို

ခံစားရမယ့် ဂျပန်ပုစွန်ပွကြော် ဟင်းတစ်ခွက်ရပါပြီ။
 
www.htetfamily.com

ငါးနီတူနဲ့ထမင်းကြော် စားကြမယ်

Photo: ငါးနီတူနဲ့ထမင်းကြော် စားကြမယ်
♦◦♦◦♦◦♦◦♦◦♦◦♦◦♦◦♦◦♦◦♦◦♦◦♦◦♦◦♦

ထမင်းကြော်ဆိုရင် ရိုးရိုးပဲ ကြော်စားဖြစ်တဲ့ မောင်နှမတွေ အတွက်

ထမင်းကြော်နည်း အသစ်လေးပါ........ ツツ

ကြော်စားကြမယ်ဟုတ်  :) 

ပါဝင်ပစ္စည်းများ
♦◦♦◦♦◦♦◦♦◦♦◦♦

♫ငါးနီတူခြောက်လေးများ (ကြိုက်သလောက်)

♫ထမင်း၂ပွဲစာ

♫မုန်လာဥနီ ၁လုံး( စိတ်ထားပါ)

♫ငရုတ်သီးစိမ်း ၂တောင့်

♫Chilli powder ၁ဇွန်း(စားပွဲတင်)

♫ကြက်ဥ၂လုံး

♫ကြက်သားမှုန့်၂ဇွန်း

♫နံနံပင်အနဲငယ်

♫ကြက်သွန်နီ ၁ခြမ်း၊

♫ကြက်သွန်ဖြူ ၂မွှာ


ပြုလုပ်နည်း
♦◦♦◦♦◦♦◦♦◦♦

ငါးနီတူခြောက်လေးများကို ကျွတ်သွားအောင် ကြော်လိုက်ပါ။ ဖယ်ထားပါ။

 
ငါးကြော်ထားသောဆီထဲကို စိတ်ထားသော ကြက်သွန် အနီ၊ ဖြူ များကြော်ပါ။


ကြက်သွန်လေးများကျွတ်လာရင် chilli powder ထဲ့ပြီး မုန်လာဥလေးများထဲ့ပါ။ 

အကြော်များကို အိုးတဖက်ကိုကပ်၍ ကြက်ဥ၂လုံး မွှေကြော်ပါ။

အကုန်ရောမွှေကာ ထမင်းထဲ့ကြော်ပါ။


 ကြက်သားမှုန့်၂ဇွန်း၊ ငရုတ်သီးစိမ်း ထဲ့ကြော်ပါ။

အားလုံးနှံ့ပြီဆိုရင် ကြော်ပြီးသားငါးနီတူများထဲ့ပါ။

 နံနံပင် အုပ်ပြီးရင်အဆင်သင်ဖြစ်ပါပြီ။

 

 http://htetfamily.com
ထမင်းကြော်ဆိုရင် ရိုးရိုးပဲ ကြော်စားဖြစ်တဲ့ မောင်နှမတွေ အတွက်

ထမင်းကြော်နည်း အသစ်လေးပါ........ ツツ

ကြော်စားကြမယ်ဟုတ် :)

ပါဝင်ပစ္စည်းများ
♦◦♦◦♦◦♦◦♦◦♦◦♦

♫ငါးနီတူခြောက်လေးများ (ကြိုက်သလောက်)

♫ထမင်း၂ပွဲစာ

♫မုန်လာဥနီ ၁လုံး( စိတ်ထားပါ)

♫ငရုတ်သီးစိမ်း ၂တောင့်

♫Chilli powder ၁ဇွန်း(စားပွဲတင်)

♫ကြက်ဥ၂လုံး

♫ကြက်သားမှုန့်၂ဇွန်း

♫နံနံပင်အနဲငယ်

♫ကြက်သွန်နီ ၁ခြမ်း၊

♫ကြက်သွန်ဖြူ ၂မွှာ


ပြုလုပ်နည်း
♦◦♦◦♦◦♦◦♦◦♦

ငါးနီတူခြောက်လေးများကို ကျွတ်သွားအောင် ကြော်လိုက်ပါ။ ဖယ်ထားပါ။


ငါးကြော်ထားသောဆီထဲကို စိတ်ထားသော ကြက်သွန် အနီ၊ ဖြူ များကြော်ပါ။


ကြက်သွန်လေးများကျွတ်လာရင် chilli powder ထဲ့ပြီး မုန်လာဥလေးများထဲ့ပါ။

အကြော်များကို အိုးတဖက်ကိုကပ်၍ ကြက်ဥ၂လုံး မွှေကြော်ပါ။

အကုန်ရောမွှေကာ ထမင်းထဲ့ကြော်ပါ။


ကြက်သားမှုန့်၂ဇွန်း၊ ငရုတ်သီးစိမ်း ထဲ့ကြော်ပါ။

အားလုံးနှံ့ပြီဆိုရင် ကြော်ပြီးသားငါးနီတူများထဲ့ပါ။

နံနံပင် အုပ်ပြီးရင်အဆင်သင်ဖြစ်ပါပြီ။

http://htetfamily.com/

ငါးသလောက်ဥဟင်း

Photo: ငါးသလောက်ဥဟင်း
═══════════

ဒီတစ်ခါ ညီအမတို့ ငါးသလောက်ဥဟင်းလေး ချက်စားမယ်နော်.........

စိတ်ထဲမှာလဲ စားချင်ချင်ဖြစ်နေတာနဲ့ တူတူချက်စားစို့လေ......

ပါဝင်ပစ္စည်းများ
════════

✧ငါးသလောက်ဥ ၃၀၀ ဂရမ်

✧ဂျင်း၁ဇွန်း(စားပွဲတင်)

✧ဆား၊ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)

✧ခရမ်းချဉ်သီး၁လုံး

✧အရောင်တင်မှုန့်၁ဇွန်း(စားပွဲတင်)

✧ဆနွင်းနဲနဲ

✧ကြက်သွန်နီ၁လုံး၊ ဖြူ ၃မွှာ

ဟင်းချက်နည်း
════════

ငါးသလောက်ဥများကိုရေစင်စင်ဆေးပြီးရင် ဂျင်း၊ဆား

၊ကြက်သားမှုန့်၁ဇွန်းတို့နဲ့ နယ်ထားပေးပါ။

ကြက်သွန်ထောင်းထားတာများဆီသတ်ပါ။
ကြက်သွန်ရွှေဝါရောင်သန်းရင် ငါးဥများထဲ့ကာ အိုးကိုလှုပ်ပေးပါ။ ကြက်သားမှုန့်၁ဇွန်း ထဲ့ပါ

၃မိနစ်ခန့်အကြာ ခရမ်းချဉ်သီးများထဲ့ကာ အနည်းငယ် လှိမ့်ပေးကာရေအနဲငယ်ထဲ့ပြီး ၁၅မိနစ်ခန့်အုပ်ပေးပါ။

ငါးဥလေးများကျက်ပြီးဆိုရင် နံနံပင်လေးအုပ်ပြီး ထမင်းပူပူနဲ့စားလို့ရပါပြီ။
ဒီတစ်ခါ ညီအမတို့ ငါးသလောက်ဥဟင်းလေး ချက်စားမယ်နော်.........

စိတ်ထဲမှာလဲ စားချင်ချင်ဖြစ်နေတာနဲ့ တူတူချက်စားစို့လေ......

ပါဝင်ပစ္စည်းများ
════════

✧ငါးသလောက်ဥ ၃၀၀ ဂရမ်

✧ဂျင်း၁ဇွန်း(စားပွဲတင်)

✧ဆား၊ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)

✧ခရမ်းချဉ်သီး၁လုံး

✧အရောင်တင်မှုန့်၁ဇွန်း(စားပွဲတင်)

✧ဆနွင်းနဲနဲ

✧ကြက်သွန်နီ၁လုံး၊ ဖြူ ၃မွှာ

ဟင်းချက်နည်း
════════

ငါးသလောက်ဥများကိုရေစင်စင်ဆေးပြီးရင် ဂျင်း၊ဆား

၊ကြက်သားမှုန့်၁ဇွန်းတို့နဲ့ နယ်ထားပေးပါ။

ကြက်သွန်ထောင်းထားတာများဆီသတ်ပါ။
ကြက်သွန်ရွှေဝါရောင်သန်းရင် ငါးဥများထဲ့ကာ အိုးကိုလှုပ်ပေးပါ။ ကြက်သားမှုန့်၁ဇွန်း ထဲ့ပါ

၃မိနစ်ခန့်အကြာ ခရမ်းချဉ်သီးများထဲ့ကာ အနည်းငယ် လှိမ့်ပေးကာရေအနဲငယ်ထဲ့ပြီး ၁၅မိနစ်ခန့်အုပ်ပေးပါ။

ငါးဥလေးများကျက်ပြီးဆိုရင် နံနံပင်လေးအုပ်ပြီး ထမင်းပူပူနဲ့စားလို့ရပါပြီ။
 
www.htetfamily.com

မြောက်ပိုင်း အိန္ဒိယစတိုင်လ် ကြက်သား ဒန်ပေါက်


 ကက်သား ဒန်ပေါက် (၈ယောက်စာ)
မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက် လေးပါ။
ရန်ကုန်မှာ စားနေကျ ဒန်ပေါက်တွေနဲ့ အရသာ၊ အနံ့မတူပေမယ့် ပိုလို့တောင် စားကောင်းပါတယ်။
မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက်က အရသာက နည်းနည်းစပ်ပေမယ့် ဆီလည်း မများတာမို့
ကျန်းမာရေးနဲ့လည်း ပိုညီညွတ်ပြီ လုံးဝ မအီပါဘူး။ ကြက်သားကို ဒိန်ချဉ်နဲ့ နုပ်ထားတာမို့ အသားကလည်း
အရမ်းကိုနူးအိပါတယ်။ ချက်တာလည်း ထင်သလို မခက်ပဲ လွယ်လွယ်နဲ့ လုပ်စားနိုင်မှာပါ။

ကြက်သား ဒန်ပေါက်ချက်နည်းလေးကို ခုပဲ ကြည့်လိုက်ရအောင်…

ဒန်ပေါက်တွင် ပါဝင်ပစ္စည်းများ
  • ဒန်ပေါက်ဆန် (basmati rice)  ♦ နို့ဆီဘူး ၄လုံး (CityMart တွင် ၀ယ်ယူနိုင်သည်)
  • ဇီယာစေ့                          ♦ စားပွဲတင်ဇွန်း ၃ပုံ၁ပုံ
  • သီဟိုစေ့                          ♦ စားပွဲတင်ဇွန်း ၂ဇွန်းစာ
  • Saffron                          ♦ စားပွဲတင်ဇွန်း ၃ဇွန်း

မှတ်ချက် ။ ။ Saffron ဒန်ပေါက်ချက်ရာမှ အရောင်အတွက်ထည့်သော ပစ္စည်းဖြစ်သည်။
ရန်ကုန်မှာ ရှာမတွေ့တာမို့ ၀တ်ရည်ချက်တဲ့ ထဲတွင် ထည့်မချက်ထားပါ။

ကြက်သားနှပ်ထားရန် ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်                          ♦ ၆ခု (ထက်ပိုင်းပိုင်း ထားပါ)
  • ဂျင်း                                     ♦ လက်တဆစ် (ထောင်းထားပါ)
  • ကြက်သွန်ဖြူ                      ♦ ၂ခု (ထောင်းထားပါ)
  • ကြက်သွန်နီ                        ♦ ၃လုံး (ပါးပါးလှီးပါ ကြော်ထားပါ)
  • ဒိန်ချဉ် (yoghurt)            ♦ ၁ခွက်စာ
  • ဆီ (oil)                              ♦ စားပွဲတင်ဇွန်း ၅ဇွန်းစာ
  • လေညှင်း (cloves)           ♦ ၂ခု
  • ဖာလာစေ့ (cardamon)   ♦ ၄ခု
  • ဇာပွင့် (Javetri)                ♦ ၃ခု
  • ကလာဝေရွက် (bayleaf)  ♦ ၂ခု
  • သစ်ဂျပိုး                               ♦ ၁ခု
  • ဇီယာ (cumin)                   ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ဇီယာမှုန့် (cumin pdr)     ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • နံနံစေ့မှုန့် (coriander pdr)    ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ငရုတ်သီးမှုန့် (chilli pdr)         ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆနွင်းမှုန့် (tumeric pdr)        ♦ စားပွဲတင်ဇွန်း တ၀က်
  • ငရုတ်ကောင်းလုံး (အမဲ)             ♦ စားပွဲတင်ဇွန်းတ၀က် (မညက်တညက် ထောင်းထားပါ) (black pepper corn)
  • ငရုတ်သီးစိမ်း (green chilli)    ♦ ၆ခု (စိတ်ပေးပါ)
  • ဆား (salt)                                  ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • မာဆလာ (masala)                   ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ပူစီနံ (mint)                                ♦ ၁စည်း (ပါးပါးလှီးပါ)
  • နံနံပင် (coriander)                   ♦ ၁စည်း (ပါးပါးလှီးပါ)

မှတ်ချက်။ ။ အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင်များကို CityMart တွင် ၀ယ်ယူနိုင်ပါသည်။

 
ပြင်ဆင်နည်း

၁။ အရင်ဆုံး ဇလုံတစ်ခုထဲသို့ ထက်ပိုင်းပိုင်းသော ကြက်သားများကို ထည့်လိုက်ပါ။

၂။ ပြီမှ ကြက်သားမှအပ နုပ်ထားရန် ပါဝင်ပစ္စည်းများ အားလုံးကို ဇလုံထဲသို့ ထည့်ပြီ သမအောင် ရောနုယ်ထားလိုက်ပါ။

၃။ သမအောင် ကြက်သားကို နုယ်ပြီလျှင် ၁နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။

၎။ ကြက်သားကို နုပ်ထားစဉ်အတွင်း basmatic ဆန်ကို နာရီဝက်ခန့် ရေစိမ်ထားပေးပါ။
(မှတ်ချက် ။။ ရေစိမ်ပေးထားမှ ဒန်ပေါက် ထမင်းချက်ရာမှ ကောင်းပါမည်)

၅။ နာရီဝက် ရေစိမ်ပြီလျှင် ဇကာဖြင့် ဆန်များကို ရေပြန်စစ်ပေးပါ။

၆။ ထို့နောက် ဒယ်အိုးတစ်အိုးထဲသို့ ရေများထည့်ပြီ ဆူလာလျှင် ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)၊ ဆား(စားပွဲတင်ဇွန်း၂ဇွန်း)၊ ဇီယာ(စားပွဲတင်ဇွန်း ၃ပုံ၁ပုံ) ထည့်မွှေပေးပါ။

ရ။ ပြီမှ ဆန်များကို လောင်းထည့်ပြီ ဆူလာသည်အထိ တည်ထားပေးပါ။
မှတ်ချက် ။ ။ ဒန်ပေါက်ဆန်ချက်ရာတွင် ကျက်သည်အထိ မတည်ရပဲ၊ တ၀က်ပဲကျက်သည့်အနေထားထိသာ တည်ရမည်။
၈။ ဒါကြောင့် ဆူလာလျှင် ၁မိန်ခန့် ထပ်တည်ပြီ ဆန်များ တ၀က်ကျက်လျှင် မီးပိတ်ပြီ ဇကာဖြင့် ပြန်စစ်ထားပေးပါ။
ဒန်ပေါက် ချက်နည်း

၁။ ခုကြက်သား ဒန်ပေါက် စချက်ပါတော့မည်။

၂။ ဒယ်အိုးတစ်ခုထဲသို့ နုပ်ထားသော ကြက်သားများကို အရင်ထည့်ပြီ ခင်းထားလိုက်ပါ။

၃။ ကြက်သားအပေါ်မှ ဆန်များနှင့် သီဟိုစေ့များကို ခင်းလိုက်ပါ။

၎။ ထို့နောက်အပေါ်မှ နံနံပင်(အနည်းငယ်)၊ ကြက်သွန်နီကြော်၊ ငရုတ်သီး(ဆီချက်)
(သို့) Saffron (စားပွဲတင်ဇွန်း ၃ဇွန်း) ဖြူးပေးပါ။

၅။ ပြီနောက် အဖုံးအုပ်ကာ (မီးပြင်းပြင်းဖြင့် ၅မိနစ်၊ မီးအသင့်တင့်ဖြင့် ၁၅မိနစ်၊ မီးနည်းနည်းဖြင့် ၁၀မိနစ်ခန့်) အားလုံး  စုစုပေါင်း နာရီဝက်ခန့် တည်ထားပါ။
၆။ ကျက်ပြီဆိုလျှင် ဒန်ပေါက်ထမင်း နှင့် ကြက်သားများကို ဖြည်းဖြည်းခြင်း ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။
ရ။ မြှောက်ပိုင်း အိန္ဒိယစတိုင် ကြက်သားဒန်ပေါက်ကို သုံးဆောင်နိုင်ပါပြီ..
 

အုန်းနို့ခေါက်ဆွဲ ချက်ကြမယ်

ဒီတစ်ပတ် ပိတ်ရက်မှာ သူငယ်ချင်းတွေ စုပြီး အုန်းနို့ခေါက်ဆွဲ ချက်စားကြမယ်လို့ စိတ်ကူးရလာတယ်။ ချက်ကြမယ်ဟေ့ ကောင်းကောင်းအစီအစဉ်လေးမှာလဲ မမေ အုန်းနို့ခေါက်ဆွဲ ချက်နည်းလေးရေးပေးပါလို့ တောင်းဆိုထားသူတွေအတွက် ပါ ချက်နည်းလေးရေးပေးပြီး အတူတူ ချက်စားကြတာပေါ့။
ပါဝင်သော ပစ္စည်းများ
၁။ ခေါက်ဆွဲ
၂။ပဲဝါကြမ်း (၂၀)သားခန့် (သို့) ၂၅၀ ဂရမ်
၃။အုန်းနို့ ဗူး (၄၀၀) ဂရမ် (ပြည်ပမှာ အုန်းသီးစိမ်းမှ အုန်းနို့ရည်က ဝယ်ရန်မလွယ်ကူသောကြောင့် အုန်းနို့ဗူးကိုသာ သုံးသည်။
၎။ကြက်သွန်နီ (၇၊၈)ဥခန့်
၅။ကြက်သွန်ဖြူ (၃)မွှာခန့်
၆။ဂျင်း အနည်းငယ်
၇။ငရုတ်သီးအရောင်တင်မှုန်ါ် စားပွဲတင်ဇွန်း (၁)ဇွန်း
၈။နံနွင်းမှုန့် အနည်းငယ်
၁၀။ ကရဝေး အခေါက်၊အရွက်အနည်းငယ် (ကြိုက်နှစ်သက်ပါက)
၁၁။ကြက်ဥ (၃)လုံး
၁၂။ ဆား သင့်တင့်ယုံ
၁၃။ ကြက်သား ၂၀ဆယ်သားခန့်
ဒီနေ့တော့ မေက ပုဇွန်နဲ့ ချက်လို့ ကြက်သားမထည့်ပဲ ပုဇွန်(၁၅)ခန့်ကိုပဲ သုံးလိုက်တယ်။

ချက်ပြုတ်ပုံအဆင့်ဆင့်
၁။ ပထမဦးစွာ ပဲကို ပြုတ်ထားနှင့်ပါ။ ပဲကို ကြိုပြီး ရေစိတ်ထားလျှင် ပြုတ်ရသည့်အချိန် သက်သာပါသည်။ အချိန်သက်သာစေရန် ထမင်းပေါင်းအိုးထဲတွင် ပြုတ်ထား၍ ရပါသည်။ ပဲအိုး ဆူလာလျှင်တော့ အဖုံးဖွင့်ထားပေးရန် မမေ့ပါနှင့်။
၂။ ကြက်သွန်ဖြူ၊ ဂျင်း၊အရောင်တင်မှုန် ၊နံနွင်းမှုန့်များကို အတူရောထောင်း၍သော်လည်းကောင်း ၊ထောင်းရန်အဆင်မပြေပါက သေးငယ်သော အပိုင်းအစများဖြစ်အောင် လှီးဖြတ်၍သော်လည်းကောင်း အသင့်ပြင်ဆင်ထားပေးပါ။
၃။မိမိထည့်ဝင်လိုသည့် အသား(ကြက်သား၊ ပုဇွန်) စသည်များကိုလည်း အဆင်သင့် လှီးထားရပါမည်။ အသားမထည့်ဘဲ သက်သတ်လွတ် ချက်မည်ဆိုပါက အဆင့်(၃)ကို ကျော်သွားပါရန်။
၎။ ကြက်ဥကို ပြုတ်ကာ အစိပ်လေးများ လှီးထည့်မည် ဆိုပါက ကြိုတင်ပြုတ်ထားပေးရပါမည်။ ပြုတ်ရန် အချိန်မပေးနိုင်ပါက ဟင်းရည်အိုး ချကာနီးမှာ ကြက်ဥဖောက်ကာ နာနာလေး ခေါက်ပြီး ထည့်ဝင်နိုင်ပါသည်။
၅။ မီးဖိုပေါ်သို့ ဆီအိုးတည်ကာ ဆီပူလာလျှင် အသင့် ရောထားသော ကြက်သွန်ဖြူ၊ဂျင်း၊ငရုတ်သီးမှုန့်များကို ဆီသတ်ပေးပါ။ ထိုနောက် ကြက်သွန်ဆသတ်ကျက်လာသော အခါ ကရဝေးခေါက် ၊ရွက်ထည့်ပြီး ခေတ္တာမွှေလိုက်ပါ။ (မေက အရွက်ကုန်နေသောကြောင့် အိမ်မှာရှိနေသော အမှုန့်အနည်းငယ်ကို သုံးလိုက်သည်။ ထို့နောက် ပုဇွန်(သို့) ကြက်သားထည့်ကာ ကြော်ထားလိုက်ပါ။
၆။ပဲများနူးလာသောအခါ ပဲများကို ထောင်း၍ဖြစ်စေ၊ဇကာနှင့် တိုင်ချ၍ဖြစ်စေ ကြေညက်အောင် ပြုလုပ်ပြီး ချက်မည့်အိုးထဲ ထည့်ကာ မီးဖိုပေါ်တည်ထားလိုက်ပါ။
၇။ကြက်သွန်နီအချို့ကို လေးစိပ် စိပ်ကာ ပဲဟင်းရည်အိုးထဲ အတူထည့်၍ တည်ထားပါ။
၈။ထို့နောက် အုန်းနို့ဗူးဖောက်ထည့် ၊ ဆီသတ်ထားသော ဟင်းကို ပဲဟင်းအိုးထဲသို့ လောင်းထည့်ကာ အတူတူ ချက်ထားရပါမည်။
အိုးထဲမှ ကြက်သွန်ဥများ နူးပြီးဆိုလျှင်တော့ ဆား ၊ရသာမှုန့်ထည့်၍ အပေါ့အငန်မြည်းကာ အုန်းနို့နံ့မွှေးမွှေးနှင့် အုန်းနို့ခေါက်ဆွဲ လေး သုံးဆောင်နိုင်ပါပြီရှင်။
ခေါက်ဆွဲဖတ်ကို အခြောက်ပြုတ်ယူ၍ ဖြစ်စေ အစို ဝယ်ယူ၍ ဖြစ်စေ မိမိစိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။
အလိုရှိက သုံးဆောင်နိုင်ပါသည်ရှင်။

♥♥ မေသဇင်
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1859510&xgs=1&xg_source=msg_share_post

ထိုင်းစတိုင်လ် ငပိထမင်းကြော် နဲ့ ကျောက်ပွင့်သုပ်





ထိုင်းစတိုင်လ် ငပိထမင်းကြော်


ထိုင်းစတိုင် ငပိထမင်းကြော်လေးပါ။  ငပိထမင်းကြော်မှာ သရက်သီး၊ ငရုတ်သီးစိမ်း၊ သံပရာသီး အရသာကြောင့် ချဉ်စပ် အရသာလေးနဲ့ စားလို့ကောင်းပါတယ်။ စားလို့လည်း ကောင်းပြီ လုပ်ရတာ လွယ်လွယ်လေးမို့ တူတူ လုပ်စားကြည့်ရအောင်…

ငပိထမင်းကြော်တွင် ပါဝင်ပစ္စည်းများ
  • ချက်ပြီသား ထမင်း        – ၂လုံး
  • ငပိ                         – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား                       – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့်            – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား                   – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ပဲငံပြာရည်(အကြည်)   – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့်        – အနည်းငယ်
  • ဟင်းရွက်ဆီ              – စားပွဲတင်ဇွန်း ၃ဇွန်း
  • နှမ်းဆီ                     – လက်ဖက်ရည်ဇွန်း ၁ဇွန်း

တွဲဖက် ပါဝင်ပစ္စည်းများ
  • ပုဇွန်ခြောက်             – စားပွဲတင်ဇွန်း ၃ဇွန်းစာ
  • ပုဇွန်ခြောက်မှုန့်         – စားပွဲတင်ဇွန်း ၂ဇွန်း
  • ပဲသီး                       – စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ)
  • ကြက်သွန်နီ              – ၂လုံး (ပါးပါးလှီးပါ)
  • သရက်သီး                – ၁လုံး (ပေါက်ပေးပါ)
  • သံပရာသီး                – ၁လုံး ( ပါးပါးလှီးပါ)
  • ကြက်ဥ                    – ၂လုံး (ခလောက်ပြီ အပြားကြော်ပြီ ပါးပါးလှီးပါ)
  • ငရုတ်သီးစိမ်း            – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
  • ကြက်သွန်မြိတ်          – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
  • ကြက်ရင်ဗုံသား          – ၁ခု
(အတုံးသေးတုံးပေးပြီ ဆားနည်းကာ အညှိရောင်သန်းသည်အထိ ကြော်ပေးထားပါ)



ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ငပိကို ထည့်ပြီ ၁မိနစ်ခန့်မွှေပေးပါ။
၂။ ပြီလျှင် ထမင်းထည့်ပြီ ငပိနဲ့ ထမင်းများကို ရောမွှေလိုက်ပါ။


၃။ ထို့နောက် အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ သကြား၊ ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပေးပြီ အပေါ်မှ နှမ်းဆီ ဖြူးပေးပါ။
၎။ ပြီလျှင် ပန်းကန်လုံး ထဲသို့ ငပိထမင်းကြော်များကို ထည့်ပြီ ပန်းကန်ပြားတစ်ခုထဲသို့ မှောက်ထည့်လိုက်ပါ။
၅။ ပြီမှ ငပိထမင်းကြော် ဘေးတွင် တွဲဖက်ပါဝင်ပစ္စည်းများ ဖြစ်သော (ပုဇွန်ခြောက်၊ ပုဇွန်ခြောက်မှုန့်၊ ကြက်သားကြော်၊ ပဲသီး၊ ကြက်သွန်နီ၊ သရက်သီး၊ သံပရာသီး၊ ကြက်ဥကြော်၊ ငရုတ်သီးစိမ်း) တို့ကို စီပေးထားပါ။

၆။ ထို့နောက် အားလုံးကို ရောမွှေလိုက်ပြီ အပေါ်မှ သံပရာသီးလေး ညှစ်ပြီးအရသာရှိစွာသော
ထိုင်းစတိုင်လ်ငပိထမင်းကြော်ကို သုံးဆောင်နိုင်ပါပြီ..

http://www.wutyeefoodhouse.com/?p=4437

ကျောက်ပွင့်သုပ်




ချဉ်ချိုစပ် ကျောက်ပွင့်သုပ်လေးပါ။ အရသာ ကောင်းမွန်ပြီ အချိန်တို အတွင်းမှာပဲ အသုပ်တမျိုး လုပ်စားနိုင်မှာပါ။ သုပ်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ
  • ကျောက်ပွင့် – ၂ခု (ရေစိမ်ပြီမှ တကိုက်စာ အရွယ်လေးများ ပိုင်းဖြတ်ထားပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေံထုတ်ပြီ အရှည်ပါးပါးလှီးပါ)
  • ကြက်သွန်နီ – ၁လုံး (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ ဆီချက် – စားပွဲတင်ဇွန်း ၁ဇွန်း
  • မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်းစာ (မညက်တညက် ထောင်းထားပါ)
  • ပုဇွန်ခြာက် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (ညက်ညက်လေး ထောင်းထားပါ)
  • သံပရာသီး – ၁လုံး (အရည်ညှစ်ရန်)
  • ငရုတ်သီးစိမ်း – ၂တောင့် (ပါးပါးလှီးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
  • ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
  • နှမ်း – အနည်းငယ် (အပေါ်မှ ဖြူးရန်)

သုပ်နည်း

၁။ ဇလုံ တစ်ခုထဲတွင် (ကျောက်ပွင့်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူဆီချက်၊ မြေပဲ၊ ပုဇွန်ခြောက်မှုန့်၊
ကြက်သွန်မြိတ်၊ နံနံပင်၊ ငရုတ်သီးစိမ်း) တို့ကို သမအောင် ရောနယ်လိုက်ပါ။


၂။ ပြီမှ အရသာအတွက် (ဆား၊ ကြက်သားမှုန့်၊ ငံပြာရည်ရည်၊ သံပရာရည်) တို့ကို ထည့်ပေးပြီ ထပ်နုယ်ပေးပါ။

၃။ အရသာအပေါ့အငံ အနေတော်လျှင် အပေါ်မှာ နှမ်းလေးများ ဖြူးပြီ ကျောက်ပွင့်သုပ်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ..

http://www.wutyeefoodhouse.com/?p=4309#comment-5244


အာဟာရဓာတ်များမဆုံးရှုံးစေရန် ချက်ပြုတ်နည်း











အစားအသောက်တွေကို အာဟာရပြည့်ဝအောင် ချက်ပြုတ်စားသောက်ရာမှာ မူလအရင်းမြစ် အာဟာရတွေ ဆုံးရှုံးမသွားအောင် ချက်ပြုတ်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆန်
ဆန်ကို ရေနဲ့ အကြာကြီး ပွတ်တိုက်ဆေးကြောခြင်း မလုပ်ပါနဲ့။ ရေနဲ့ အထပ်ထပ်အကြိမ်ရေများများ ဆေးကြောတာကြောင့် ဆန်မှာပါဝင်တဲ့ ဗီတာမင် ဘီ-ဝမ်းဓာတ် ဆုံးရှုံးတတ်တာကြောင့်ပါ။

၂။ ဟင်းရွက်ပြုတ်လျှင်
ဟင်းရွက်ပြုတ်မယ်ဆိုရင် ရေနွေးကို အရင်ဆုံးဆူအောင်တည်ပြီး ရေနွေးဆူလာမှ ဟင်းရွက်ကိုထည့်ပါ။ အဖုံးမဖွင့်ဘဲ အငွေ့မထွက်တော့တဲ့အချိန်အထိ အုပ်ထားပြီးမှ အဖုံးပြန်ဖွင့်ပါ။ ဆားအနည်းငယ် ထည့်ပြုတ်ပေးရင် ဗီတာမင်ဓာတ်တွေ ထွက်သွားမှုကို ကြန့်ကြာစေတာကြောင့် ဟင်းရွက်တွေ ထည့်ပြီးရင် ဆားအနည်းငယ်လောက် ထည့်လိုက်ပါ။

၃။ ကြော်လှော်ချက်ပြုတ်ရာတွင်
ဟင်းတွေကို ကြော်လှော်ချက်ပြုတ်ရာမှာဖြစ်စေ၊ ဆီပြန်ချက်ပြုတ်ရာမှာဖြစ်စေ အရင်ဆုံး ဟင်းကို ဆီတွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲပ ရောနှောပြီး ဆီပြန်လာတဲ့အထိ မွှေပြီးမှ ရေထည့်ချက်သင့်ပါတယ်။ ဒါမှ အသားငါးမှာ ပါဝင်တဲ့ အာဟာရဓာတ်မပျက်တော့မှာပါ။

၎။ ဟင်းရည်
ဟင်းရည်တွေကို ချက်ပြုတ်ပြီး မကြာမှစားသင့်ပါတယ်။ အချိန်ကြာသွားရင်လည်း ပြန်နွေးပြီး သုံးဆောင်ပါ။ မီးဖိုပေါ်မှာ အချိန်ကြာကြာ မထားသင့်ပါဘူး။ အချိန်ကြာကြာ မီးဖိုပေါ်မှာ ထားတာကြောင့် ဗီတာမင် ဘီနဲ့ စီဓာတ်တွေ ဆုံးရှုံးတတ်ပါတယ်။

၅။ နွားနို့
ဗီတာမင် ဘီ-၂ ဟာ နေရောင်နဲ့ ထိတွေ့ရင် ပျယ်ပြတ်သွားတတ်ပါတယ်။ ဒါကြောင့် နွားနို့ပုလင်းတွေကို နေပူထဲမှာ မထားပါနဲ့။ နွားနို့ထဲက ဗီတာမင် ဘီ-၂တွေ ပျက်ပြားသွားတဲ့အတွက်ကြောင့်ပါ။

၆။ အာလူး
အာလူးကို ပြုတ်ပြီး ဒီအတိုင်းစားပါ။ အာလူးကို ပြုတ်ပြီး ဒီအတိုင်းစားပါ။ အာလူးကို ပြုတ်ပြီး ထုခြေလိုက်တယ်ဆိုရင် အာလူးမှာပါဝင်တဲ့ ဗီတာမင် စီဓာတ်ကို လျော့နည်းသွားစေပါတယ်။ အာလူးပြုတ် ၁၀၀ ဂရမ်ကို မိနစ် ၆၀ လောက် အပူပေးရင် ဗီတာမင် စီ ပါဝင်မှုဟာ ၂ ဒဿမ ၅ မီလီဂရမ်ရှိပြီး အာလူးပြုတ်ပြီ ထောင်းလိုက်တာကို မိနစ် ၃၀ လောက် အပူပေးလိုက်ရင် ဗီတာမင်စီ ၀ ဒဿမ ၅ မီလီဂရမ်သာ ကျန်ခဲ့နိုင်ပါတယ်။
Ref : Good Health
shared by >>>http://natureenergycare.blogspot.com/2012/11/blog-post_5649.html#more

ဟင်းခတ်အမွှေးအကြိုင်များ၏ ကျန်းမာရေးအစွမ်းများ







ဟင်းခတ်အမွှေးအကြိုင်တွေ အသုံးပြုတာကြောင့် ဟင်းရဲ့အရသာကောင်းမွန်ပြီး ဟင်းအပြင်အဆင် လှပရုံသာမက သင့်အတွက် ကျန်းမာရေးကောင်းစေတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါ ရရှိနိုင်ပါတယ်။ Phytochemicals နဲ့ antioxidant တွေလည်း ပါဝင်တဲ့အတွက် ကင်ဆာရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေကို လျှော့ချပေးပါတယ်။ ဟင်းခတ်အမွှေးအကြိုင် အလိုက်ပါဝင်တဲ့ အာဟာရဓာတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 ဆီသတ်ရွက်

ဗီတာမင် A နဲ့ B၊ သံဓာတ်၊ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ်တွေများစွာ ပါဝင်ပါတယ်။

ပင်စိမ်းရွက်

ကယ်လ်စီယမ်၊ ဗီတာမင် A နဲ့ ဗီတာမင် C များစွာပါဝင်ပါတယ်။ ပင်စိမ်းရွက်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိတွေဟာ ပန်းသီး၊ လိမ္မောသီးနဲ့ ဘလူးဘယ်ရီသီးထက် ပိုမို အစွမ်းထက်ပါတယ်။

 ချင်း
ချင်းဟာ ဘက်တီးရီးယားကို တွန်းလှန်နိုင်ပါတယ်။ ရောင်ရမ်းမှုကို လျှော့ချနိုင်တဲ့အစွမ်းနဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ အစွမ်းတွေ ရှိပါတယ်။ ချင်းဟာ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ရနိုင်တဲ့ ဦးနှောက်သွေးကြောတွင်း ရောင်ရမ်းမှုဖြစ်စေတဲ့ Prostagladin ရဲ့ အကျိုးသက်ရောက်မှုကို ပိတ်ပင်ပေးပါတယ်။ ဒါကြောင့် migraine (ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ) စတင်ခံစားရတာနဲ့ ချင်းဖျော်ရည်တစ်ခွက် သောက်လိုက်ရင် ဝေဒနာသက်သာ သွားနိုင်ပါတယ်။

နနွင်း






နနွင်းမှာ ဘက်တီးရီးယားကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိ၊ ရောင်ရမ်းမှုကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိနဲ့ ဓာတ်တိုးဆန့်ကျင့်နိုင်တဲ့ အစွမ်းသတ္တိတွေ ပါရှိပါတယ်။ အဆစ်ရောင်ရမ်းမှုကိုလည်း ပိတ်ပင်နိုင်တဲ့အတွက် အဆစ်ရောင်ရောဂါရှိသူတွေအတွက် အသုံးဝင်ပါတယ်။

ကြက်သွန်ဖြူ







မဂ္ဂနီးစ်၊ ဗီတာမင် B6 နဲ့ ဗီတာမင် C များစွာ ပါဝင်ပါတယ်။ ကြက်သွန်ဖြူမှာပါဝင်တဲ့ အနံ့ထွက်စေတဲ့ allicin ဒြပ်ပေါင်းဟာ ဘက်တီးရီးယားနဲ့ မှိုပိုးတွေ အပါအဝင် ပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိပါရှိသည်။ အအေးမိရောဂါနဲ့ တုပ်ကွေးရောဂါရှိသူတွေ စားသင့်ပါတယ်။

ပူစီနာ
ဗီတာမင် A နဲ့ ဗီတာမင် C တွေများစွာပါဝင်ပြီး ဓာတ်တိုးဆန့်ကျင့်ပစ္စည်းအဖြစ် ကင်ဆာကိုတွန်းလှန်နိုင်တဲ့ ပစ္စည်းအဖြစ် အသုံးဝင်ပါတယ်။ အမျှင်ဓာတ်နဲ့ ကယ်လ်စီယမ်တွေလည်း များစွာပါဝင်ပါတယ်။

နံနံပင်
နံနံပင်မှာ ဗီတာမင် A, B, C နဲ့ သံဓာတ်၊ ကယ်လ်စီယမ်ဓာတ်တွေအပြင် ဓာတ်တိုးဆန့်ကျင်စွမ်းအားတွေအတွက် Phytochemicals တွေ များစွာ ပါဝင်ပါတယ်။ ဝမ်းဗိုက်မကောင်းသူများအတွက် အထူးကောင်းမွန်ပါတယ်။

ကြက်သွန်မြိတ်







နံနံပင်နဲ့ အာဟာရပါဝင်မှု တူညီတဲ့အပြင် ကျန်းမာရေးအစွမ်းသတ္တိလည်း တူညီပါတယ်။ ကြက်သွန်နီ မိသားစုဝင်ဖြစ်တဲ့အတွက် မှိုပိုးကို တွန်းလှန်နိုင်တဲ့ ဆာလဖာဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။
Ref: Good Health
picture by ..net &ချော(အစိမ်းရောင်လွင်ပြင်)
source>>>http://natureenergycare.blogspot.com/2012/11/blog-post_5986.html#more

ကရင်တပင်တိုင် မုန့်ဟင်းခါး

မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေမှာတော့ မုန့်ဟင်းခါးဟု ခေါ်လေ့မရှိဘဲ မုန့်တီဟု ခေါ်လေ့ရှိသည်။
ရခိုင်မုန့်တီဟုသာ သတ်မှတ်ခေါ်ဆိုထားပေမယ့် ကရင်ပြည်နယ်၊မွန်ပြည်နယ် စသည့် ဒေသတို့တွင်လည်း
မုန့်ဟင်းခါးဟုခေါ်ဆိုလေ့ မရှိပဲ မုန့်တီဟုသာ သတ်မှတ်ခေါ်ဆိုလေ့ရှိသည်။ ထိုဒေသအခေါ်အရတော့
ယနေ့မေချက်မည့် ဟင်းလျာသည် ကရင်တပင်တိုင်မုန့်တီဖြစ်ပါတယ်။


ကရင်လူမျိုးအများစုကတော့ ငါးပိကိုကြိုက်နှစ်သက်ကြ၍ ၎င်းတို့ချက်သည့် ဟင်းလျာသည်
ငါးပိနံ့လေးအနည်းငယ်ကဲ၏။ငါးပိနံ့အား မနှစ်သက်ပါက မိမိဟင်းလျာတွင် လျှော့ချက်နိုင်ပါသည်။
သို့မဟုတ် မျှင်ငါးပိကိုသာ အသုံးပြုနိုင်ပါသည်။ ကရင်ဟင်းခါး အရသာစစ်စစ်ကို သုံးဆောင်ချင်လျှင်တော့
ငပိရည်ကျိုကို မဖြစ်မနေအသုံးပြုရပါလိမ့်မည်။

ကရင်တပင်တိုင်မုန့်တီသည် ဆီ လုံးဝမသုံးသည့် အတွက်ကြောင့် ဆီရှောင်သူများနှင့်လည်း အထူးသင့်လျော်ပါသည်။
 
ပါဝင်ပစ္စည်းများ

၁။ ငါး တစ်ဆယ်သား
၂။ငါးပိ ရည်ကျို အစိမ်း (မချက်ရသေးသော) စားပွဲတင်ဇွန်း တစ်ဇွန်း
၃။မျှင်ငါးပိ စားပွဲတင်ဇွန်း တစ်ဇွန်း
၎။စပါးလင် ၂ ပင်
၅။ ကြက်သွန်နီ ၂၀သားခန့်
၆။ငရုတ်သီးစိမ်း နို့ဆီဗူးတစ်ဝက်ခန့်(အစပ်ကို မိမိစိတ်ကြိုက်အနေထားသာ သုံးပါ)
၇။ငရုတ်ကောင်း အနည်းငယ်
၈။နံနွင်းမှုန့်အနည်းငယ်
၉။ဆား သင့်တင့်ယုံ
၁၀။ မုန့်ဟင်းခါးခြောက် တစ်ထုပ်(အစိုဖတ် ဝယ်၍မရသောကြောင့်)။

ဒီနေ့ ငှက်ပျောအူတိုင်လေး ဝယ်၍ရသောကြောင့် ငှက်ပျောအူတိုင်လေးကို ပါးပါးလေး လှီးကာ
ဆားအနည်းငယ် ထည့်ထားသော ရေထဲစိတ်၍ အသင့်ပြင်ထားတယ်။
ပြုပြင်ချက်ပြုတ်နည်း
၁။ ပထမဦးစွာမုန့်ဟင်းခါးဖတ်များကို ရေနှင့်ခေတ္တစိတ်ထားပေး၍ ပျော့ပျောင်းလာလျှင် ရေများများနှင့်ပြုတ်ကာ
ရေစစ်ထားပေးပါ။
 
 ထမင်းပေါင်းအိုးထဲမှာ အဖုံးဖွင့်ပြီ ပြုတ်လိုက်တယ်။ အချိန်ကုန်သက်သာအောင်လို့။
၂။ငါးများကို အညစ်အကြေးစင်အောင်ဆေးကာ နနွင်း၊စပါးလင် ၊ မျှင်ငါးပိ၊ငါးငပိ တို့နှင့်အတူ ရေအနည်းငယ်ထည့်၍
မီးဖိုပေါ်တင်ကာ တည်ထားလိုက်ပါ။
ငါးများ ကျက်ကာ ပျော့ပျောင်းနူးညံ့လာလျှင် အိုးပေါ်မှ ဖယ်၍ အရေစစ်ကာ အသားများနွှင်ပေးရပါမည်။

၃။ ငါးအသားနွှင်နေချိန်တွင် စောစောက ကျန်ရစ်ခဲ့သည့်ငါးပြုတ်ရည်ကို ရေထပ်ရောကာကြက်သွန်နီ၊
ငှက်ပျောအူများနှင့်မီးဖိုပေါ် ပြန်လည်တင်ထားကာ ချက်ပြုတ်ထားသည်။စပါးလင်အဟောင်းကို
ပြန်လည်မသုံးချင်လျှင် အသစ်တစ်ချောင်း ကို ထုချေကာ ထပ်ထည့်ထားလိုက်ပါ။

၎။ ငါးများနွှင်ပြီးသောအခါ ငါးအသားများကို ဟင်းရည်အိုးထဲသို့ ထည့်လိုက်ပါ။(ကြော်ရန်မလိုပါ)

၅။ငရုတ်သီးစိမ်း၊ကြက်သွန်ဖြူ၊ငရုတ်ကောင်းတို့ကို ထောင်း၍ အရည်ပွက်ပွက်ဆူနေသော ဟင်းရည်အိုးထဲသို့
ထည့်မွှေလိုက်ပါက ငရုတ်သီးစိမ်းနံ့သင်းသင်းနှင့် မုန့်တီရည်လေးရပါပြီ။

အပေါ့အငန်ကို မိမိစိတ်ကြိုက် ပြင်ဆင်ပြီးလျှင် ကရင်တပင်တိုင်မုန့်တီ(ခေါ်) မုန့်ဟင်းခါးလေး
စားသုံးရန်အသင့်ဖြစ်ပါပြီ။





http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1818245&xgs=1&xg_source=msg_share_post

ဗိုလ်စားပဲသီး ချဉ်ငံစပ်သုပ်

သက်သတ်လွတ်စားသုံးသူများအတွက်လဲ အဆင်ပြေသည့် အသုပ်လေးပါ။

ပဲသီးသုပ်ရန် ပါဝင်သော ပစ္စည်းများ

၁။ ဗိုလ်စားပဲသီး ၁၅ ကျပ်သားခန့်
၂။ဆား ကော်ဖီဇွန်းတစ်ဝက်ခန့်
၃။ သံပရာသီး တစ်လုံး
၎။ကြက်သွန်နီဥ အသေးနှစ်လုံး (ကြီးလျှင် တစ်ဥပဲ သုံးပါ)
၅။ကြက်သွန်ဖြူဥကြီး ၃ မွှာ
၆။ငရုတ်သီးစိမ်း ၄၊၅ ထောင့်ခန့်
၇။ပဲငံပြာရည်အချို (သို့) ပဲဆီ စားပွဲတင်ဇွန်း ၁ဇွန်း
၈။ သကြား ကော်ဖီဇွန်း ၂ဇွန်း
၉။မြေပဲဆီ (သို့) နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
၁၀ ။ နံနံပင် ၂ပင်ခန့်

ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပဲသီးများကို မိမိစိတ်အကြိုက်အရွယ်အစား ပိုင်းဖြတ်လိုက်ပါ။

၂။ မီးဖိုပေါ်တွင် ရေနွေးတည်၍ ရေထဲတွင် ဆားကော်ဖီဇွန်းတစ်ဝက်နှင့် ခြစ်ယူထားသော သံပရာခွံတို့ကို
ထည့်ပြီး ရေနွေးကိုဆူအောင်တည်ပါ။

သံပုရာခွံကို ခြစ်နှင့် ခြစ်ယူရာတွင် အစိမ်းရောင် အခွံကိုသာ ခြစ်ယူပါ။ အစိမ်းရောင်အောက်က
အဖြူသားများကိုပါ ခြစ်ယူမိလျှင် အရသာမှာ ခါးသက်သွားနိုင်ပါသည်.။ မေ နမူနာ ပြထားပါတယ်။
သံပရာသီးတစ်လုံးခြစ်ယူလျှင် အနည်းငယ်သာ ရနိုင်ပါသည်.။ ထိုအနည်းငယ်သည် လိုအပ်သည့်
အနံ့အတွက်လုံလောက်ပါပြီ။ များများရအောင် အဖြူသားတွေကိုပါ ဖြစ်ယူနေမည် စိုးသောကြောင့်ပါ။


ရေနွေးဆူလာပြီးဆိုလျှင်တော့ ပဲသီးထည့်ပြီး  (၅)မိနစ်ခန့် ပြုတ်လိုက်ပါ။ အဖုံးဖွင့်၍ ပြုတ်ပါ။ သို့မှသာ
အရောင်မပြောင်းပဲ အစိမ်းရောင်အတိုင်း ကျန်နေမည်။


ပဲသီးနူးလောက်ပြီးဆိုရင်တော့ ရေအေးအေးလေး လောင်းဆေးပြီး အေးသွားလျှင် ရေစစ် ထားလိုက်ပေါ့။

၃။ ငရုတ်သီး၊ကြက်သွန်ဖြူနီကို ဆုံထဲထည့်ထောင်းပြီး ညက်သွားလျှင် ဆီ၊ပဲဆီ၊သကြား၊သံပရာရည်၊ဆားအနည်းငယ်
(အချိုမှုန့်ထည့်လိုက အနည်းငယ်ထည့်နိုင်ပါသည်) တို့ကို ရောမွှေပြီး ပြုတ်ထားသည့် ပဲသီးပေါ် ဆမ်းလိုက်ပြီး
သမအောင်မွှေလိုက်လျှင် ချဉ်ချဉ်စပ်စပ် ပဲသုတ်လေး တစ်ပွဲ ရပါပြီ။ နံနံရွက်လေးတွေကို ပါးပါးလှီးပြီး အပေါ်မှာဖြူး
အလှဆင်လိုက်ပေါ့။

သက်သတ်လွတ် စားသုံးသူများအတွက်လဲအသုပ်လေးတစ်ပွဲ ရပါပြီ။

ပြုလုပ်ရသည်မှာလဲ လွယ်ကူ၊ အချိန်ကုန်လည်း သက်သာသည့် ချဉ်ငံစပ် ဗိုလ်စားပဲသီးသုတ်လေးကို သုံးဆောင်ကြပါ..


 http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1782388&xgs=1&xg_source=msg_share_post

No comments:

Post a Comment